ရန်ကုန် မတ် ၄
ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီနှင့် တိုင်းသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မတ် ၂ ရက်က တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုးက အမှာစကားပြောကြား ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးသိန်းဦးက လျော်ကြေးပေးပြီးဖြစ်သည့် ကိစ္စရပ်များတွင် ယနေ့ ခေတ်အခြေအနေ အရ သိမ်းဆည်းစဉ်ကာလ လျော်ကြေးနည်းပါးနေ၍ ထပ်မံတောင်းဆိုလာသည့် ကိစ္စရပ်များ၊ မြေပြင်၌ ကျူးကျော်ဝင်ရောက်နေသူရှိ၍ ( ဖြေရှင်းရန် ခက်ခဲသည့် ကိစ္စရပ်များ၊ အမှုတွဲအလိုက်အဆင့်ဆင့်သော စိစစ်ရေးအဖွဲ့များက စိစစ်သုံးသပ် ပြီးသည့်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှု အမှုတွဲများ၊ မြို့ပြတိုးချဲ့ခြင်းနှင့် စက်မှုဇုန်
များရှိ မြေယာပြဿနာများ၊ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဦးဆောင်၍ လုပ်ကိုင်ခွင့်ရကုမ္ပဏီများနှင့် တောင်သူလယ်သမား များ သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပြီး နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေရေးအတွက် ဖြေရှင်းပေးရမည့်ကိစ္စ များ ယခင်ကာလများတွင် ဆက်လက်စိစစ် ဖြေရှင်းပြီး အမှုတွဲများ၊ ယခုကာလတွင် စိစစ်ဖြေရှင်းရမည့် လက်ကျန် အမှုတွဲများ၊ ဗဟိုသို့ လမ်းညွှန်မှုခံယူ၍ သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထား ပြန်ကြား ပေးရန် တောင်းခံထားသည့် အမှုတွဲများ၊ မြေပြင် ကွင်းဆင်းစိစစ်ခြင်း ဆောင်ရွက်နေ သည့်အမှု တွဲများ၊ ကျေနပ်မှုမရှိ၍ တိုင်ကြားလာမှုများအပေါ် ပြီးပြတ် အောင် စိစစ်ဆုံးဖြတ်ပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့် ဆင့်၏ ဖွဲ့စည်းပုံ မူလ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လယ်ယာမြေပေါ်တွင် စပါးအစားအခြားသီးနှံပြောင်း လဲ စိုက်ပျိုးခွင့်လျှောက်ထားသည့် အမှုတွဲများ၊ လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက် ထားသည့် အမှုတွဲများ၊ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု ဖြေရှင်းပေးရန်တင်ပြထားသည့် အမှုတွဲ များနှင့် အယူခံမှု အမှုတွဲများစသည့် လုပ်ငန်းဆောင် ရွက်နေမှုများအား ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြ သည်။ ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက တိုင်းဒေသကြီး အတွင်းမြေယာနှင့် ပတ်သက်၍ ဆောင်ရွက်နေဆဲနှင့် ဆောင်ရွက် -ပေးရမည့်အမှုတွဲများစွာ ကျန်ရှိနေ သဖြင့် မိမိတို့တာဝန်ယူထားသည့် ကာလတွင် အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်ပေးရန်၊ မြေယာအမှု အခင်းများ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက် ပေးမှသာ မြေယာကို အရင်းပြု၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် ဝမ်းစာစီးပွား ရှာဖွေ စားသောက်နေရသည့် ကျေးလက်နေ တောင်သူ လယ်သမားများက စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းများရရှိ ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်လာမည်ဖြစ် ကြေကြောင်း၊ မြေယာမှုခင်းအပေါ် အခြေခံ၍ ဖြစ်ပေါ် လာမည့် ရာဇဝတ်မှုများလည်း တားဆီး နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဆင့်ဆင့်သော စိစစ်ရေးကော်မတီဝင်များသည် ပြဋ္ဌာန်းထားပြီးဖြစ် သောဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း သမာသမတ်ကျကျ စိစစ် ဆောင်ရွက်ပေးရန် အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအသီသီးမှ ပြန်လည်စွန့်လွှတ် သည့်မြေများကိုလည်း မူဝါဒနှင့်အညီ သိမ်းဆည်းခံ လယ်သမားများ၏လက်ဝယ်သို့အမြန်ဆုံး ပြန်လည် ပေးအပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး ကြရန် ပြောကြားသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)