နေပြည်တော် မတ် ၄
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များ စားရေးအခက်အခဲမရှိ စေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ (ရေး တာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာ များနှင့် ချီးမြှင့်ငွေ များကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့နှင့် မိုင်းရှူးမြို့ တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအား အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်တာဝန်ရှိသူများကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့ရှိ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ အား အနောက်တောင်တိုင်းစစ်ဌာန ချုပ်မှ တာဝန်ရှိသူများက လည်း ကောင်း အသီးသီးသွားရောက် တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲအမယ် လေးမျိုးနှင့် စားသောက် ဖွယ်ရာ များကို ပေးအပ်ကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များ ကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များအတွက် အလှူရှင်များက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံယူခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်