Skip to main content

CDM လှုပ်ရှားမှုကြောင့် ဆုံးရှုံးနစ်နာမှုများစွာ ကြုံတွေ့ခဲ့ရသည့် ဝန်ထမ်းများနှင့် အခြေခံလူတန်းစား ပြည်သူများ၏ စကားသံများ

CDM လှုပ်ရှားမှုကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆုံးရှုံးနစ်နာမှု များစွာကြုံတွေ့ခဲ့ရသည့် ဝန်ထမ်းများနှင့် အခြေခံ လူတန်းစား ပြည်သူများအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။ အကြီးတန်းစာရေး ကိုမျိုးလွင် “ကျွန်တော်က နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ မည်သည့်အစိုးရပင် နိုင်ငံ့တာဝန် ယူသည်ဖြစ်စေ နိုင်ငံ့ဝန်ထမ်း တစ်ဦးရဲ့ တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားရမှာ ဖြစ်တယ်လို့ ခံယူထား ပါတယ်။ ဒီလိုခံယူချက်အတိုင်းပဲ အခုအချိန်မှာ နိုင်ငံ့တာဝန် တွေကို ဆက်လက်ထမ်းဆောင်နေပါတယ်။ ယခု ဝန်ထမ်းတချို့ပြုလုပ် နေတဲ့ CDM လှုပ်ရှားမှုတွေဟာ ဥပဒေကို ချိုးဖောက်နေသလို နိုင်ငံရဲ့ အုပ်ချုပ်ရေး ယန္တရားကို ပျက်ယွင်းအောင် ဆောင်ရွက်နေတယ်လို့လည်း မြင်မိပါတယ်။ နောက်ပြီး ဝန်ထမ်းတချို့ ပါဝင် ဆောင်ရွက်နေတာ ကလည်း နိုင်ငံရေးသမားတွေရဲ့ သွေးဆောင်ဖြားယောင်းမှုလို့လည်း ထင်မိပါတယ်။ အခု အချိန်က အချိန်မီပါသေးတယ်။ နိုင်ငံ့ဝန်ထမ်းတွေ မိမိတို့ သက်ဆိုင်ရာဌာနအသီးသီးကို အေးချမ်းစွာ ပြန်လည် တာဝန် ထမ်းဆောင်စေချင်ပါတယ်။ ဌာနက လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေ ကလည်း နွေးထွေးပျူငှာစွာ ကြိုဆို နေကြမယ်လို့ ကျွန်တော်ယုံကြည် ပါတယ်”ဟု ဆိုသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုထူးအောင် “ဒီဝန်ထမ်းလစာလေးနဲ့ တစ်မိသားစုလုံး ရပ်တည်နေရတာပါ။ အခုနောက်ပိုင်း ဘာတွေဖြစ်နေသလဲဆိုတော့ အိမ်ကနေ ရုံးကိုသွားရင် လမ်းကနေ CDM လုပ်ပေးဖို့ ချော့တစ်ခါ ခြောက်တစ်လှည့် လိုက်ပြော ကြတယ်။ သူတို့က အလုပ်ကိုမသွားဖို့ မတရားဖိအားပေးတယ်။ ရန်ရှာခံရတယ်။ သူတို့ပြောသလို CDMလုပ်လိုက်လို့ ကျွန်တော်အလုပ်က ထွက်ရရင် ကျွန်တော့်မိသားစုကို ဘယ်သူတာဝန်ယူမလဲ” ကုန်စိမ်းနှင့် ကုန်ခြောက်ရောင်းချ နေသူ ဈေးသည်တစ်ဦး “အရင်ကဆို ဈေးရောင်းရလွန်းလို့ ရွာက အမျိုးတွေပါ ခေါ်ထား ရတယ်။ ရွာက ကျွန်မ တူမလေးတွေလည်း အလုပ်အကိုင် တွေ ရကြတော့ အားလုံးအဆင်ပြေနေပါတယ်။ အခုဆို ဝန်ထမ်းတချို့ CDM လုပ်ပြီး ဆန္ဒပြတာတွေ ဖြစ်လာတဲ့အခါမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်ပေါ်လာ တယ်။ ဒီလို ဖြစ်ပေါ်လာလို့ ရိုက်ခတ်မှုတွေကတော့ ကျွန်မတို့လို ဈေးသည်တွေ အတော်လေး ခံစားနေ ရပါတယ်။ မနက်ကနေ ညနေ အထိမှ ဈေးဝယ်သူဆယ်ယောက်မပြည့်ပါဘူး။ ဈေးရောင်းကောင်းတုန်းက စုထားတဲ့ပိုက်ဆံလေး တွေကို အခုအချိန်မှာ ထိုင်သုံးစွဲနေရပြီ။ ပိုက်ဆံ စုထားပြီး လုပ်ရမည့်အလုပ်တွေလည်း အခုအချိန်မှာ အိပ်မက်ပမာ ဖြစ်နေပါပြီ” တစ်ပတ်တစ်ခါ ကျောက်ကပ်ဆေးနေရသည့် ကလေးငယ်၏ မိခင်ဒေါ်လှသိန်း “ကျွန်မသားလေး တစ်ပတ် တစ်ခါကျောက်ကပ်ဆေးနေရတာပါ။ အခုဆို ဆေးရုံမှာ လက်ခံဆောင်ရွက်ပေးမယ့် ဆရာဝန်မရှိ တော့ဘူး။ အစပိုင်းမှာ ကျွန်မသားလေးကျန်းမာရေးအတွက် ကျွန်မရင်လေး ခဲ့ရတယ်။ မျက်ရည်တွေ ညတိုင်းကျခဲ့ရတယ်။ နောက်ပိုင်း စုံစမ်းရင်းနဲ့ တပ်မတော်ဆေးရုံကြီးတွေမှာ ကျွန်မတို့သာမန်ပြည်သူတွေကို လက်ခံ ကုသပေးနေတာသိရပါတယ်။ ဒါကြောင့် အမြန်ဆုံးသွားရောက်ကုသဖို့ သွားတဲ့အခါမှာ ဆေးရုံက ဆရာဝန်ကြီးတွေကလည်း အမြန်ဆုံး ပြုစု ကုသပေးကြလို့ အခုတော့ ကျွန်မအပူတွေ လျော့ကျသွားပါပြီ” မည်သည့်အခြေအနေပင်ရောက်ရောက် လူသား ဆန်သည့် စိတ်ဓာတ်ရှိရမည် ဖြစ်သည်။ လူသားဆန်သည့်စိတ်ဓာတ်ဆိုသည်မှာ မိမိတာဝန်ကျရာ အခန်းကဏ္ဍမှ လူသားများအတွက် အကျိုးပြုသည့် တာဝန်များကို မည်သည့်အဟန့်အတားပင်ရှိနေပါစေ ထမ်းဆောင် ရမည်မှာ သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်ပါသည်။ ထိုသို့ထမ်းဆောင် နိုင်မှသာ တန်ဖိုးရှိသူတစ်ယောက်ဖြစ်လာမည်ဟု ထင်မြင်မိသည်။ ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုသည် သာမန်လူနေမှုဘဝနှင့် အခြေခံလူတန်းစားများဘဝအတွက် ထိခိုက်နစ်နာ မှုများစွာ ဖြစ်ပေါ် နေသည်ကို ကျယ်လောင်စွာ ကြားသိနေရသည့်အပြင် CDM လှုပ်ရှားမှု တွင် ကျန်းမာရေး ဝန်ထမ်းများစွာ ပါဝင်နေသည့်အတွက် ယခုကဲ့သို့ ကိုဗစ်ကာလတွင်တော့ ပြည်သူများအတွက် များစွာရင်လေးစရာ ဖြစ်နေသည်။ ယခု CDM လှုပ်ရှားမှုပါဝင်နေသူအများစုသည် နိုင်ငံရေး အတွေ့အကြုံနည်းပါးသူများဖြစ်နေသည်ကိုလည်း တွေ့ရှိရ သည်။ ထို့ပြင် တချို့ သူများသည် CDM လှုပ်ရှားမှုကို အကြောင်းပြု၍ ကိုဗစ်ကာလ ထွက်ပေါက် တစ်ခု အဖြစ် အသုံးချနေသည်ကို လည်း တွေ့မြင်ရသည်။ နိုင်ငံတစ်နိုင်ငံတွင် ပြည်သူသည်သာ အဓိကဖြစ်ပါသည်။ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဘက်ပေါင်းစုံမှ ထိခိုက် နစ်နာစေမည့် မည်သည့်ကိစ္စရပ်မဆို နိုင်ငံ့ဝန်ထမ်းများအနေဖြင့်ဆောင်ရွက်ရန် မသင့်ပေ။ ထို့ကြောင့် CDM လှုပ်ရှားမှု တွင် ပါဝင်ထားသော ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင် အသိစိတ်ဓာတ် များဖြင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြ ပါရန် မေတ္တာရှေ့ထားပြီး နှိုးဆော်လိုပါသည်။