Skip to main content

CDM လုပ်ရှားမှုမပါဝင်၊ မလုပ်ကြရင်လည်း လိုက်ပြီးရန်လုပ်နေကြတယ်၊ ဝေဖန်ပြောဆိုနေကြတာလည်း တွေ့ရတယ်၊ အခုလိုတွေ တွေ့ရတော့ အတော်လေးစိတ်မကောင်း ဖြစ်မိတယ်

တွေ့ဆုံမေးမြန်း-ထိုက်အောင်ဝင်း မြန်မာနိုင်ငံ၌ ပြီးခဲ့သော ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ကာ ပြည်သူများအကြား CDM ( Civil Disobedience Movement) လှုပ်ရှားမှုများကို စတင်လာသည်မှာ ယခုအခါ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်း CDM လှုပ်ရှားမှု ရက်ပေါင်း ကြာမြင့်လာသည်နှင့်အမျှ ပြည်သူများ အကြားတွင်လည်း ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးမှအစ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍတွင် ထိခိုက်မှုအနည်းနှင့်အများရှိခဲ့သည်။ ယင်းခံစားမှု သည် တခြားသူများအပေါ် အကျိုးသက်ရောက်မှု သိသာစွာမရှိသော်လည်း ယနေ့ပြည်သူများအကြား အထူး သဖြင့် လူလတ်တန်း စားများနှင့် အခြေခံပြည်သူများအကြားတွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်မှာ မျက်ဝါး ထင်ထင် တွေ့မြင်နေရသည်။ ယင်း CDM လှုပ်ရှားမှုဖြစ်စဉ်များအပေါ် ပြည်သူများအကြား ဒီမိုကရေစီ လမ်းကြောင်းအရ အမြင်အမျိုးမျိုး ကွဲပြားဖြစ်ပေါ်လျက်ရှိရာ ပြည်သူအချို့အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။ “ဦးတို့ကစစအရေးအခင်းရော၊ ရွှေဝါရောင်အရေးအခင်းတွေကိုပါ ကောင်းကောင်းမိခဲ့တယ်။ ပြောရရင် အခုလို အရေးအခင်း၊ နိုင်ငံရေး အတွေ့ အကြုံက မနည်းတော့ဘူးပြောရမယ်။ အရင် အရေးအခင်းတွေတုန်းက ခုလိုတော့ မဟုတ်ဘူး။ ပြည်သူအချင်းအချင်း သိပ်ပြဿနာမရှာကြဘူး။ ခုအရေးအခင်းက ဒီမိုကရေစီရရှိရေးလို့သာ တွင်တွင် ပြောပြောနေကြတာ နားမလည်ကြလို့လား မသိဘူး ပြောင်းပြန်တွေ ဖြစ်နေတာကို တွေ့မြင်နေကြားနေရတယ်။ သူများ CDM လှုပ်ရှားမှု မပါဝင် မလုပ်ကြရင်လည်းလိုက်ပြီးရန်လုပ်နေကြတယ်။ စောင်းမြောင်း ဝေဖန်ပြောဆို နေကြ တာလည်းတွေ့ရတယ်။ အခုလိုတွေ တွေ့ရတော့ အတော်လေးစိတ်မကောင်း ဖြစ်မိတယ်။ တချို့ဝန်ထမ်း တွေဆို သူတို့ကို ပုန်းပြီးတော့တောင် အလုပ်ကိုသွားနေကြရတာ။ ဒါတွေက ငါနဲ့မတူ ငါ့ရန်သူဆိုပြီး မှတ်ယူ နေကြတော့ အတော်လေးကို စဉ်းစားမရဘူး။ အမှန်အတိုင်းပြောရရင် ဦးတို့အရွယ်နဲ့က အခုလို CDM လှုပ်ရှား မှုမှာ ပါရမယ့်အရွယ်လည်းမဟုတ်တော့သလို ကိုဗစ်-၁၉ကပ်ရောဂါကလည်း တစ်မျိုးနဲ့ အလုပ်တွေက ပိတ်ထား တော့ မိသားစုဝမ်းရေးတောင် အတော်လေး ရုန်းကန်နေရတယ် “ ဟု ဦးမြင့်မောင်(အမည်လွှဲ) က သူ၏အမြင်ကို ပြောသည်။ ဘဝရပ်တည်မှုနှင့်ဆိုင် CDM လှုပ်ရှားမှုထဲ မပါဖြစ်ပါဘူး၊ ဘဝနဲ့ရင်းပြီး ပါဖို့လည်း မစဉ်းစားပါဘူး။ ကျွန်မ ဘွဲ့ရပြီးကတည်းက ပိုက်ဆံ ရှိတဲ့ မိသားစုက ဆင်းသက်လာတာမဟုတ်တော့ အလုပ်မျိုးစုံ လုပ်ခဲ့ရတယ်။ အထူး သဖြင့် အရောင်းစာရေးမက အကုမ္ပဏီဝန်ထမ်းအဆုံး။ တကယ်တော့ ဘအာမခံချက်ကို ဘယ်လုပ်မှ မပေးနိုင်ဘူး ဆိုတာ လုပ်ရင်းနဲ့ သီလာတယ်။ အစိုးရဝန်ထမ်းလုပ်နေတဲ့သူငယ်ချင်းတွေမြင်တော့လည်း အားကျမိတယ်။ အဲဒါနဲ့ ကျွန်မလုပ်နေတဲ့ ဝန်ကြီးဌာနက လစ်လပ် ဦးစီးအရာရှိနေရာတွေကို သတင်းစာမှာခေါ်တော့ ရမက သင်တန်း သွားတက်ပြီးတော့ ဖြေဆိုခဲ့တာ ဒီရာထူးကို လွယ်လွယ်နဲ့ ရခဲ့တာ မဟုတ်ဘူးလေး ပြောရရင် ဘဝရပ် တည်မှု နဲ့လည်း ဆိုင်မှာပါ။ သူငယ်ချင်းတွေကတော့ CDM မှာ မပါဝင်လို့ တချို့ဆို အပြစ်ပြောရုံ တောင် မဟုတ် ဘူး၊ အွန်လိုင်းမှာ ဘလော့တောင် လုပ်သွားတယ်။ ဟိုနေ့ကဆို CDM ပါဝင်ဖို့၊ အလုပ်မဆင်းကြဖို့ ရုံးရှေ့မှာ လာအော်ကြ တယ်။ အများ သူငှာသွားတဲ့လမ်းတွေကို ဖိတ်ကြတယ်။ တော်တော် လေးကို အရုပ်ဆိုးပါတယ်။ ဒါတွေ က သူတို့ လိုချင်နေတဲ့ ဒီမိုကရေစီ ဖြစ်မယ်လို့ပဲ မှတ်ယူလိုက်ပါတယ်။ ကျွန်မအနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြ တဲ့ သူငယ်ချင်း ဝန်ထမ်းအချို့ကို ပြောချင်တာကတော့ ဆရာတော်ကြီးတစ်ပါး ဆိုဆုံးမခဲ့တဲ့ နောင်ကိုသိမှ သတိရလည်း ရွှေရင်ဆို့လိမ့် မဖြစ်စေချင်ဘူး။ ခုချိန်မှာ အလုပ်ပြန်လာဆင်းမယ် ဆိုရင် အချိန်မီသေးတယ်” ဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သူ မသင်းသင်းလှိုင် (အမည်လွှဲ) က ပြောသည်။ အချိန်တွေ ရင်းနှီးမြှုပ်နှံခဲ့ကြရ CDM လှုပ်ရှားမှုနဲ့ပတ်သက်လို့ ပြောရရင် ကျွန်တော်က ဌာနဆိုင်ရာတစ်ခုရဲ့ အရာရှိ (ဌာနမှူး) တစ်ဦးဆိုတော့ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်တယ်။ မင်းရုံးမှာ ဝန်ထမ်းဘယ်လောက် CDM လှုပ်ရှားမှုမှာပါလဲ။ လေးပုံတစ်ပုံလောက်တော့ ပါကြပါတယ်လို့ ပြောလိုက်တယ်။ သူတို့ရုံးလည်း အဲဒီလောက်ပဲလို့ ပြောတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံးတော့ ဝန်ထမ်းတွေကို ထိန်းပြီး ပြန်ပါတယ်။ ဒါပေမယ့် တချို့ ဝန်ထမ်းတွေကျတော့လည်း အရင် ကတည်းက အကြောင်းအမျိုးမျိုးနဲ့ ထွက်ချင်နေတော့ CDM လှုပ်ရှားမှု မှာ ပါဝင်ကြတာပေါ့။သူငယ်ချင်းဆရာဝန်ဆို အလုပ်ထွက်ပြီး အပြင်မှာဆေးခန်းဖွင့်ချင်နေတာကြာပြီ။ သူကိုယ်တိုင်က ဆေးရုံကြီးကို မသွားချင်ဘူးဖြစ်နေတာ။ သူတို့ကိုလည်း အပြစ် မပြောလိုပါဘူး။ ကိုယ်ကြိုက်နှစ်သက်တာကို ရွေးချယ်ပိုင်ခွင့်ရှိတာပဲလေ။ ကျွန်တော် ဆီက ဝန်ထမ်းတချို့ဆို ထောက်ပံ့ကြေးရကြတယ် ပြောတယ်။ ရိုးက တပည့်အရင်းတစ်ယောက်ဆို CDM လှုပ်ရှားမှုမှာပါလို့ အကြိမ် ကြိမ်၊ အကြိမ်ကြိမ် ပြန်ခေါ်ပါသေးတယ်။ ဒါပေမယ့် ထောက်ပံ့ကြေး ယူထားတဲ့တစ်ဖက်မှာ ဝန်ခံကတိထိုရတယ်ဆိုပဲ။ ခုချိန်မှာ ဌာန ပေါင်းစုံက ရုံမိန့်စာအသီးသီးနဲ့ ပြန်ခေါ်နေကြတုန်း ပြန်လာပြီး လုပ်စေချင်တယ်။ သူတို့အနေနဲ့ မိတတ်မြောက်ထားတဲ့ ပညာတွေ၊ အချိန်တွေ ရင်းနှီးမြှုပ်နှံခဲ့ကြရတာ၊ ဒီအခြေအနေတွေကို စွန့်လွှတ်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ယောင်ယောင် အမှားအမှား မဖြစ်စေချင်ဘူး” ဟု ဦးအောင်မင်မွန် (အမည်လွှဲ) ကလည်း သူ၏အမြင် အတိုင်း ပြောသည်။ နိုင်ငံအတွက် မကောင်း “ကျွန်မက CDM လှုပ်ရှားမှုမှာ မပါဖြစ်ဘူးဘဲ ပြောရမှာပေါ့။ အရင်တစ်ရက် နှစ်ရက် ကတော့ သူငယ်ချင်းတွေနဲ့ အတူလိုက်ပြီး လမ်းလျှောက် အော်လိုက်သေးတယ်။ နောက်ပိုင်းရက်တွေတော့ မလိုက်ဖြစ် တော့ပါဘူး။ နေပူကြီးထဲ လမ်းလျှောက်ရတာ ပင်ပန်းတာ လည်းပါတယ်။ ပြီးတော့ ဘာမျှလည်း မထူး ဘူးလို့ မြင်မိတယ်လေ။ ဘာလို့လဲဆိုတော့ ကျွန်မတို့အားလုံးက နိုင်ငံရေးမှ နားမလည်တာ။ သူများတွေ မြေက်ပေး လို့သာ လိုက်လုပ်လိုက်ရတာ၊ ဒီနေ့တော့ CDM လူငယ်တွေဆို CDM ဆိုတာ ဘာမှန်းတောင်မသိကြဘူး။ ကျွန်မက ကုမ္ပဏီက ပိတ်ထားတော့ အလုပ်ကို သွားဖြစ်သေးဘူး၊ သူငယ်ချင်းတွေကလည်းခေါ်တာနဲ့ လိုက်သွားဖြစ်တာ။ တကယ်တော့ နိုင်ငံ အတွက် မကောင်းဘူးလို့ မြင်မိတယ်။ အခြေအနေ မြန်မြန်အေးချမ်းပါစေလို့ပဲမျှော်လင့်တယ်။ အလုပ်လည်း မြန်မြန်ဆင်းချင်နေပြီ" ဟု ကုမ္ပဏီ ဝန်ထမ်းဖြစ်သူ မသူဇာဝင်း(အမည်လွှဲ) က ပြောသည်။ CDM လှုပ်ရှားမှုမှာ မပါဝင်တော့ ။ “ကျွန်တော်က သင်တက္ကသိုလ်တက်နေတဲ့ ဒုတိယနှစ် ကျောင်းသားတစ်ဦးပါ။ CDM လှုပ်ရှားမှာ သူငယ်ချင်းတွေနဲ့အတူ ဟိုတစ်နေ့က ထွက်ဖြစ်ပါတယ်။ ဒီနေ့တော့ ထပ်မထွက်တော့ဘူးဗျ ကျွန်တော်တို့အဖွဲ့က သူငယ်ချင်းနှစ်ယောက်ဟိုတစ်နေ့က ပါသွားတော့ အတော်ကလေး လန့်သွားတယ်။ သူတို့ ခုချိန်ထိလည်း အဆက်အသွယ် မရသေးဘူး။ သူ့မိဘတွေဆို အာခဏ ဖုန်းဆက်မေးတယ်။ အဲဒါကို တွေ့ပြီး အိမ်ကလည်း ကျောင်မတက်ရဘဲနေမယ်။ ထပ်မလုပ်တော့နဲ့ ဆိုလို့ ဒီနေ့တော့ CDM လှုပ်ရှားမှုမှာ မပါဝင်တာပါ။ တကယ်တော့ CDM လှုပ်ရှားမှုမှာက ကျွန်တော်တို့လို လူငယ်တွေများတယ်။ တချို့လူတွေက အွန်လိုင်း ကပဲ ကျွန်တော်တို့လို လူငယ်တွေကို ရှေ့ထွက်အောင် မြှောက်ပေးနေကြတာ။ သူတို့က လမ်းမပေါ်ထွက် မလာကြဘူး၊ ဟိုတစ်နေ့ကဆို အိမ်ပေါ်တွေကတောင် လမ်းပေါ် အော်ဟစ်နေတဲ့ လူတွေကို လက်ခုပ် တီးအား ပေးနေတာကို တွေ့ရတယ်။ ကျွန်တော် ပြန်စဉ်းစားကြည့်ပြီးတော့ ရှက်တောင်ရှက်မိတယ်။ အဘိုးကလည်း ဆူတယ်လေ။ အဘိုးပြေသလို မင်းတို့တစ်တွေက သူများမြှောက်ပေးတိုင်း CDM လှုပ်ရှားမှုမှာ ပါဝင်ရမှာလားတဲ့။ ကိုယ့်အသိဉာဏ်နဲ့ စဉ်းစားပေါ့တဲ့။ အဲဒါကြောင့် ကျွန်တော်လည်း CDM လှုပ်ရှားမှာ ထပ်ပြီးတော့ မပါဝင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်" ဟု ကျောင်းသားလူငယ်တစ်ဦးဖြစ်သူ မောင်နေမျိုး(အမည်လွှဲ) က ပြောသည်။ CDM လှုပ်ရှားမှုတွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများအား ယခုအခါ ဝန်ကြီးဌာနအသီးသီးက စာများဖြင့် ဆင့်ခေါ်ကာ ယခင်မူလအတိုင်း လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် အကြောင်းကြားစာများ ပေးပို့ ထားပြီးဖြစ်သည်။ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများဖြင့်လည်း ဥပဒေနှင့်အညီ ရွှေ့ပေါ့ကာ ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်အတွင်း လုပ်ငန်းခွင်သို့ ပြန်လည် တက်ရောက်ရန်မှာ အခွင့်အရေးတစ်ရပ်ဖြစ်သကဲ့သို့ အချိန်အခါကောင်တစ်ခုလည်း ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။