နေပြည်တော် မတ် ၂
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဘိမ်းကျေးရွာ ကော့တာတောရကျောင်းတိုက်အတွင်း တည်ထား ကိုးကွယ် တော်မူသည့် လောကဇမ္ဗူအောင်မြင်မူ စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင်ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ အခမ်းအနားသို့ ဣစ္ဆာ သယ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဇယ အမှူးပြုသော သံဃာတော် များ ကြွရောက်တော်မူကြပြီး အရှေ့ တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ် အုပ်ချုပ်ရေး ကောင်စီဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာတိုင်းမှူးနှင့်တက်ရောက်လာကြသူများ ကဣစ္ဆာသယကျောင်းတိုက် ဆရာတော်ထံမှ ငါးပါး သီလခံ ယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များ ချီးမြှင့်တော်မူ ကြသည်။
ထို့နောက် တိုင်းမှူးက လောကဇမ္ဗူအောင်မြင်မူ စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာ စိန်ဖူး တော်နှင့် လှူဖွယ်ပစ္စည်းများအား ဣစ္ဆာသယ ကျောင်းတိုက်ဆရာတော်ထံသို့ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာ တရား နာယူ၍ လှူဒါန်းမှုအစုစုတို့ ဖိတ်တိုင်းမှာ ဆရာတော်များ အတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ကြ သည်။
ဆက်လက်၍ ဣစ္ဆာသယကျောင်းတိုက် ဆရာ တော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာစိန်ဖူး တော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်တို့အားပင့်ဆောင်၍စေတီတော်မြတ်ကြီး အားလက် ယာရစ် သုံးပတ် လှည့်လည်ပူဇော်ကြည်ညို ကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီး ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်၍ စေတီတော်အထွတ်သို့တင်လှူပူဇော်ပြီး ဇယန္တာဗောဓိမူလေအစရှိသော အောင်ဂါထာတော်များကို ရွတ်ဖတ်ပူဇော်ကာ အမွှေးနံ့သာရည် များ ပက်ဖျန်းပူဇော်ကြသည်။ ။
ဆက်လက်၍ တိုင်းမှူးက ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားအား အောင်မြင်ခြင်း အထိမ်း အမှတ်အနေဖြင့် ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးပြီး သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။ အခမ်း အနားအပြီးတွင် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်