နေပြည်တော် မတ် ၂
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာ ရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့် တစ်နေရာမှအထောက်အကူ ပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသ ရေးဆေးရုံများတွင် ကျန်းမာရေးစောင့် ရှောက်မှုများကို ဆောင်ရွက်ပေးလျက် ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့ အထိ ပြင်ပလူနာ ၄၁၉၀၅ ဦး၊ အတွင်းလူနာ ၃၄၉၁ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ် သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက် ပေးသည့်အပြင် ဆေးရုံတက် လူနာများနှင့် လူနာစောင့်များ နေထိုင် | စားသောက်ရေး အဆင်ပြေ စေရန် အတွက်ပါ စီမံဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ လာရောက်ကုသမှုခံယူလျက် ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၁၈၅၀ ၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၉၉၉ ဦး စုစုပေါင်း ၂၈၄၉ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ် ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များဖြင့် အထူးကြပ်မတ် ကုသပေးလျက် ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့်မွေးလူနာများကို ၊ တပ်မတော် ဆေးရုံအသီးသီးတွင် တက် ရောက်စေ လျက် ရှိပြီး ၎င်းတို့အနက် ( ၁၀၆၇ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၁၈၅၃ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိ ကလေးငယ် ၂၆၅၀ ကို အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့သည်။
ယင်းသို့ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှု အခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီး မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသော လူနာများအတွက် စေားသောက်ဖွယ်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်