နေပြည်တော် မတ် ၂
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည့် အာဆီယံနိုင်ငံ ခြးရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ် သဘော အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း တည်ထောင် ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်လည်ထူထောင်ရေးကိစ္စ၊ အာဆီယံ၏ ပြင်ပ ဆက်ဆံရေးနှင့် ဒေသတွင်း ဗိသုကာဖော်ဆောင်ရာတွင် အာဆီယံပြင်ပဆက်ဆံ ရေး၏ အချက်အချာ ကျမှုကိစ္စ တို့ကိုဆွေးနွေးခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံကာရေးရာကိစ္စတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ၏လတ်တလော ဖြစ်ပေါ်တိုးတက်မှုအခြေအနေ နှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် အထွေထွေရွေးကောက် ပွဲတွင် မဲမသမာမှု ဖြစ်ပွား ခဲ့သည့် အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့ဆက် ဆောင်ရွက်မည့် ဦးစားပေးအစီအစဉ် (၅) ရပ်၊ ပြည်သူများ၏ လုံခြုံမှုအတွက် တရားဥပဒေစိုးမိုးမှု ရှိရေး ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေမှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံတစ်ဝန်း ထာဝရငြိမ်းချမ်းမှု ရှိရေး ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှမဲစာရင်းများစိစစ်နေသည့် အခြေအနေ၊ မြန်မာနိုင်ငံက အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်မှု အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ပဏာမဆန်းစစ်လေ့လာရေး အစီအစဉ်အောက်မှ အကြံပြုချက်များ အကောင်အထည်ဖော်ရေးတို့ကို အသိပေးပြောကြားခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာ ရှိ များလည်း တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်