နေပြည်တော် မတ် ၁
နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော် ကောင်စီနယ်မြေသို့ ပို့ဆောင်လျက်ရှိရာ တတိယအကြိမ်အဖြစ်ပလ္လင်တော်အပိုင်း ၃ နှင့် အပိုင်း ၅တို့ကို ဇန်နဝါရီ ၂၃ ရက်တွင် ဆီမီးခုံဆိပ်ကမ်းမှပင့်ဆောင်ပူဇော် ခဲ့ရာ တည်ထားကိုးကွယ်မည့်မင်္ဂလာနေရာသို့ ယမန်နေ့ မွန်းလွဲ ပိုင်းတွင် ရောက်ရှိ ခဲ့သည်။
ကြွရောက်ချီးမြှင့် အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ပလ္လင်တော် အပိုင်း ၃ နှင့် အပိုင်း ၅ အစိတ်အပိုင်းများအား ကြိုဆို ပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် ကျင်းပရာ ဒက္ခိဏသီရိမြို့နယ်သံဃနာယကဥက္ကဋ္ဌ ညောင်ကုန်းဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး ဒက္ခိဏသီရိမြို့နယ် သံဃနာ ယကဥက္ကဋ္ဌ ညောင်ကုန်းဆရာတော် အမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့က မေတ္တာပို့ဂါထာ တော်များကို ရွတ်ဆိုပူဇော်၍ မေတ္တာပြုတော်မူသည်။ ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမ များနှင့် ဧည့်ပရိသတ် အပေါင်းတို့က ရတနတ္တယပူဇာအရိယာသာဝိတ္ထီဂါထာ၊ ဘုရားဂုဏ်တော်ကိုးပါး၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်နှင့် မေတ္တာပို့လင်္ကာများကို သံပြိုင်ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။
ဆက်လက်ပင့်ဆောင် ဆက်လက်၍ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် ကြီး၏ အပိုင်း ၃ နှင့် အပိုင်း ၅ တို့ကို မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် နှင့် ဒက္ခိဏသီရိမြို့နယ် ရန်အောင် တောမြို့တော် ဝန်ကျောင်း ဆရာတော် ဘဒ္ဒန္တခေမာနန္ဒတို့က ဦးဆောင်၍ တက်ရောက်လာကြသည့်တပ်မတော်အရာရှိကြီးများ၊ ဘုရား ဒါယကာများက အမွှေးနံသာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ( အပိုင်း ၃ နှင့် အပိုင်း ၅ တို့ကို အပူဇော်ခံမည့်နေရာသို့ ဆက်လက်ပင့်ဆောင်တော် မူကြသည်။
ယနေ့ကြိုဆိုပင့်ဆောင်သည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ပလ္လင်တော် အပိုင်း ၃နှင့် အပိုင်း ၅တို့၏အလေးချိန် မှာ ၄၇၇ တန်စီရှိပြီး တတိယအကြိမ်အဖြစ် ကြိုဆို ပင့်ဆောင်ခြင်း ဖြစ်ကြောင်း နှင့် ကျန်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းများကို ဆက်လက် | ပင့်ဆောင် ပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်