နေပြည်တော် မတ် ၁
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ် ချုပ်ရုံးများရှိ ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပ သည်။
ရှေးဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန် ထမ်းဥပဒေ၊ နည်း ဥပဒေများကို လိုက်နာရန်နှင့် နိုင်ငံ့ဝန်ထမ်း၏တာဝန်ဝတ္တရားများကို လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့်ဝန်ထမ်းများကို အသိ အမှတ်ပြု/ မှတ်တမ်း တင်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဖေဖော်ဝါရီ ၈ ရက်တွင် နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းပါအချက်များကို ဝန်ထမ်းအဆင့်ဆင့်အား ညွှန်ကြား ပေးရန် မှာကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (Road Map) (၅) ရပ် ဦးတည် ချက်(၉)ရပ်ကို အောင်မြင် သည်အထိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်း မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြား ရေးမှူးများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ ဝန်ထမ်းအင်အား အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုစာရင်း စစ်ချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်သူ့ဘဏ္ဍာကို ပြည်သူ့အကျိုး အတွက် အကျိုးရှိစွာ သုံးစွဲနိုင်စေရေးကို ဆောင်ရွက် ပေးရခြင်းသည် စာရင်းစစ်ချုပ်ရုံးများ၏ တာဝန်ဖြစ်သည့်အတွက် အဂတိတရား ကင်းရှင်းစွာ ဆောင်ရွက်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် တာဝန် ကျေပွန်စွာ ထမ်းဆောင်ရန်လိုအပ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဒေသ စာရင်းစစ်ချုပ်ရုံးများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိအရာထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်