Skip to main content

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရုံးအုပ်နှင့် ဌာနခွဲစာရေးများ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ၁/၂၀၂၁ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၆ ရုံးအုပ်နှင့် ဌာနခွဲစာရေးများ လုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် ၁/၂၀၂၁ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ်အစည်း အဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက သင်တန်းကာလမှာ ၁၅ ရက်ဖြစ်ပြီး သင်တန်းပို့ချချိန် ၄၂ ချိန်တွင် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်၍ အရည်အသွေး ပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ဤသင်တန်းမှ တန်ဖိုးမဖြတ် နိုင်သော လုပ်ငန်း အတွေ့အကြုံများနှင့် ဗဟုသုတများ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ ဘဝတစ်လျှောက်လုံး အသုံးချသွားနိုင်မည့် ပညာများဖြစ်ကြောင်း၊ မိမိတို့ လက်အောက်အမှုထမ်းများကို ရှေ့ဆောင်လမ်းပြ သွန်သင်ပြသပေးကြရန် လိုအပ်သည့်အပြင် မိမိအထက်အရာရှိများအပေါ် လေးစားခြင်း၊ အမိန့်နာခံခြင်းများ ရှိကြရန်လိုမည်ဖြစ်ပါကြောင်း မှာကြားသည်။ ထို့နောက် သင်တန်းမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလွင်က သင်တန်းဆင်း အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းတင်ပြကာ ပြည်ထောင်စုရှေ့နေချုပ်က သင်တန်းတွင် ဆုရရှိသူအသီးသီးအား ဆုများပေးအပ်ချီးမြှင့်သည်။ အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်း ဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)