Skip to main content

စစ်မှုထမ်းဟောင်းများ ၊ ရဲမှုထမ်းများနှင့် မိသားစုဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆန်၊ဆီ၊ဆား၊ပဲ စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော် ဖေဖော်ဝါရီ ၂၄ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူ ခဲ့ရသည့် အရာရှိစစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် စားရေးအခက် အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမည် လေးမျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော် ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ် ဌာန ချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင် ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။ ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည် နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ခေးနင်းအဆင့်မြင့် စစ်မှု ထမ်းဟောင်း အိမ်ရာနှင့်တာပုံစစ်မှုထမ်းဟောင်း အိမ်ရာ၊ လောက်ကိုင်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ တို့ရှိ စစ်မှု ထမ်းဟောင်း အဖွဲ့ဝင်များနှင့် နိုင်ငံတော်နှင့် ၊ တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ စစ်သည် များ၏ မိသားစုဝင်များအတွက် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုးနှင့် အဖွဲ့ဝင်များ ကလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင် များအတွက် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့် အဖွဲ့ဝင်များ ကလည်းကောင်း၊ ကရင်ပြည်နယ် မြဝတီမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအတွက် အရှေ့တောင်တိုင်း စစ်ဌာန ချုပ် သင်္ကန်းညီနောင်တပ်နယ်မှ တာဝန်ရှိသူများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ ခြေတော်ရာ ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဝင် များအတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရွှေကျင် တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး တင်လင်းဦးနှင့် အဖွဲ့ဝင်များကလည်းကောင်း သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမည် လေးမျိုး နှင့် စားသောက် ဖွယ်ရာများကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ။ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် အလှူရှင်များက စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်