Skip to main content

ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား တပ်မတော်ဆေးအဖွဲ့က COVID-19ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၄ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်းရှိ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူ များအား COVID-19 ရောဂါနှင့် ပတ်သက်၍လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁၀)မြို့နယ်အဆောင်၌ Quarantine ထားရှိခဲ့သည်။ ထိုသို့ Quarantine ထားရှိသည့် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၂၉၃ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့ တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများက မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ COVID-19 ရောဂါနှင့် ပတ်သက်၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက် ပေးခဲ့ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်