မုံရွာ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ သည် ယနေ့ မွန်းလွဲ ၃ နာရီက မုံရွာမြို့ အောင်ချမ်းသာ ပင်မဓာတ်အားခွဲရုံမှ ရေအရင်းအမြစ်အသုံးချရေးနှင့် စီမံခန့်ခွဲရေးဦးစီး ဌာနပိုင် ၁၃၂/၆၆ ကေဗွီ ၄၅ အမ်ဗွီအေအား ဝန်အားလျှော့ချနိုင်ရေး အတွက် မုံရွာမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ အား ဓာတ်အားဖြန့်ဖြူး ပေးနေသည့် ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ ထရန်စဖော်မာအား လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနပိုင် ၁၃၂/၃၃ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာမှ ပြောင်းလဲတပ်ဆင် ဓာတ်အားပေး နိုင်ရေးနှင့် solar ဓာတ်အားပေးစက်ရုံမှရုံသို့ဆက်သွယ်မည့် Switchbay တည်ဆောက်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး၍ မကြာမီကာလ တွင် နွေရာသီရောက်ရှိတော့မည်ဖြစ်ရာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပိုမိုများပြားမည်ဖြစ်သောကြောင့် လိုအပ်သည့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် ပြုပြင်ဖြည့် ဆည်းပေးလျက်ရှိရာတွင် ကုန်ကျ စရိတ်များအား အထက်အဖွဲ့အစည်းသို့ တာဝန်ရှိသူ၏ ရှင်းလင်း တင်ပြမှုအပေါ်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)