Skip to main content

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဈေးများ၊ စတိုးဆိုင်ခန်းများ ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားလျက်ရှိ၊ မြန်မာ့စီးပွားရေးဘဏ်များနှင့် ဘဏ်ခွဲအသီးသီးတို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများအဆင်ပြေချောမွေ့စွာထုတ်ပေးလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂

ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁ ရက်နေ့များမှစ၍ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဈေးများ၊ စတိုးဆိုင်ခန်းများ အားလုံး ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ခြိမ်းခြောက် အကျပ်ကိုင်သည့် ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသို့ ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့တွင် နိုင်ငံတစ်ဝန်းလုံး မြို့နယ်အသီးသီးရှိ ဈေးများ၊ စတိုးဆိုင်ခန်းများ သည်မိမိတို့၏ မိသားစုစားဝတ်နေရေးအတွက် ပုံမှန်အတိုင်း အေးချမ်းစွာ ရောင်းဝယ်ဖောက်ကား လျက်ရှိကြသည်။

ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်များနှင့် ဘဏ်ခွဲ များတွင် အငြိမ်းစားဝန်ထမ်းများ လွယ်ကူချောမွေ့ စွာပင်စင်လစာများ ထုတ်ယူနိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာဘဏ်များ၌ လုံခြုံရေးများဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပင်စင် စား အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။ အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာ များ လစဉ် ၂၁ ရက် တစ်ရက်တည်းတွင်သာ စုပြုံး ထုတ်ယူခြင်းအစား လစဉ် ၂၁ ရက်နောက်ပိုင်း ဘဏ် ဖွင့်သည့် ရက်များတွင် ထုတ်ယူခြင်း၊ Mobile Money စနစ် အသုံးပြု၍ နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူခြင်းတို့ဖြင့် အဆင်ပြေစွာထုတ်ယူနိုင် ကြောင်း သိရသည်။

သတင်းစဉ်