ပဲခူး ဖေဖော်ဝါရီ ၂၂
ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ နိုင်ငံ့ဝန်ထမ်း (ပင်စင်စား) ၁၂၀၄၁ ဦးရှိရာ ဖေဖော်ဝါရီလအတွက် ပင်စင်လစာများကို ယနေ့မှစတင်၍ ပဲခူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဝန်ထမ်းများက ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ အလှည့်ကျ သတ်မှတ်နေ့အလိုက် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်း၌ မြို့ပြ ပင်စင် ၅၈၄၀၊ ကာကွယ်ရေး ပင်စင် ၅၇၅၉ ဦး၊ နိုင်ငံရေးပင်စင် ၃၄၈ ဦး၊ မြန်မာ့စီးပွားရေးဘဏ် ပင်စင် ၉၁ ဦး၊ ဗဟိုဘဏ်ပင်စင် သုံးဦး စုစုပေါင်း ၁၂၀၄၁ ဦးရှိရာ ပဲခူးမြို့ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ယနေ့နံနက် ၆ နာရီခွဲမှစတင်၍ ညနေ ၃ နာရီ အထိ မြို့တွင်းကြီးရပ်ကွက်၊ နန်းတော်ရာရပ်ကွက်၊ ရုံးကြီးရပ်ကွက်၊ ရှင်စောပုရပ်ကွက်၊ လိပ်ပြာကန်ရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ပန်းလှိုင်ရပ်ကွက် စသည့်ရပ်ကွက်များ၌ နေထိုင် သည့် မြို့ပြပင်စင်စား ၁၀၅၄ ဦး၊ ကာကွယ်ရေးပင်စင်စား ၈၁၁ ဦး၊ နိုင်ငံရေးပင်စင်စား ၂၈ ဦး စုစုပေါင်း ၁၈၉၃ ဦးတို့အား စတင်ထုတ်ပေးခဲ့သည်။
ဆက်လက်၍ ဖေဖော်ဝါရီ ၂၃ ရက်တွင် နံနက် ၇ နာရီခွဲမှ ညနေ ၃ နာရီအထိ ဈေးပိုင်း ညောင်ဝိုင်း(တောင်/မြောက်)၊ သွန်းဘုရား၊ ကျောက်ကြီးစု၊ ဇိုင်းဂနိုင်း (တောင်/မြောက်) ရပ်ကွက်များရှိ ပင်စင်စားများအားလည်းကောင်း၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီ မှ ညနေ ၃ နာရီအထိ မဇင်း၊ ကလျာဏီ၊ ကျွန်းသာယာ၊ ဟင်္သာကုန်း၊ ဗိုလ်ကုန်း၊ ဟံသာဝတီ၊ ရွာသစ်၊ မြို့သစ် စသည့်ရပ်ကွက်များရှိ ပင်စင်စားများအားလည်းကောင်း၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဥဿာမြို့သစ်ရပ်ကွက်ကြီး (၁/၂/ ၃/၄/၅/၆/၇/၈/၉)ရပ်ကွက်များ ပင်စင်စားများအား လည်းကောင်း၊ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဘုရားကြီးမြို့ အမှတ်(၁/၂/၃)ရပ်ကွက်များ၊ အင်းတကော်မြို့ အမှတ်(၁/၂/၃/၄/၅/၆) ရပ်ကွက် များနှင့် ကျေးရွာအုပ်စု၆၂ အုပ်စု၌ နေထိုင်ကြသည့် အငြိမ်းစားဝန်ထမ်း ပင်စင်စားများအား လည်းကောင်း ပင်စင်လစာများ ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်း ပင်စင်စားများအနေဖြင့် ပင်စင်လစာ လာရောက်ထုတ်ယူကြရာတွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင် လာကြရမည်ဖြစ်ပြီး သတ်မှတ်ရက်များတွင် အကြောင်းအမျိုးမျိုးကြောင့် မအားလပ်၍ လာရောက်ထုတ် ယူခြင်းမပြုနိုင်သည့် အငြိမ်းစားဝန်ထမ်း ပင်စင်စားများအနေဖြင့် ပင်စင်လစာ ကို ရုံးဖွင့်သည့်နေ့တိုင်း ဘဏ်ဖွင့်ချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)