Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကို စစ်ကိုင်းမြို့ရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီး အဘိဓဇမဟာရဌဂုရု ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် နိုင်ငံတော် ပရိယတ္တိတက္ကသိုလ်(မန္တလေး) ဒုတိယ ပါမောက္ခချုပ်ဆရာတော်များအား ဖူးမြော်ကြည်ညို

နေပြည်တော် ဖေဖော်ဝါရီ ၂၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် နာရီတွင် စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်ရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿ နာတက္ကသိုလ်သို့ သွားရောက်ကာ အဘိဓဇမဟာရဌဂုရု ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အရှင် မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး ဆရာတော်ကြီးထံမှ ဩဝါဒကထာ နာယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းသည်။

ထို့အတူ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာစံ မြို့နယ် နိုင်ငံတော်ပရိယတ္တိတက္ကသိုလ်(မန္တလေး)ရှိ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ဉာဏာလင်္ကာရာဘိဝံသ နှင့် ဒုတိယပါမောက္ခချုပ် (စီမံ) အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ကေသရ အမှူးပြုသော သင်ကြား/ စီမံ ဆရာ ဆရာတော် () ပါးတို့အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ နှင့် နဝကမ္မဝတ္ထု ငွေများ ဆပ်ကပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအတွင်းရှိ ရွှေတိဂုံစေတီ တော်မြတ်ကြီး၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး အစရှိသည့် တန်ခိုးကြီးဘုရား စေတီများ အား အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဖွင့်လှစ်ထားရှိပြီး ဖြစ်ကြောင်း၊ ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ထေရဝါဒဗုဒ္ဓသာသနာ တိုးတက်ခိုင် မာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်( ရန်ကုန် / မန္တလေး) ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး လိုအပ်သည်များ မိန့်ကြားပေးစေလို ကြောင်း၊ နိုင်ငံတော်မှ ကျင်းပပြုလုပ်သည့် ပရိယတ္တိစာမေးပွဲ များကိုလည်း ပုံမှန်အတိုင်း ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ပရိယတ္တိအသင်းကြီးများမှ သာမဏေ ကျော်စာမေးပွဲများကိုလည်း ကျင်းပမြဲအတိုင်း ကျင်းပနိုင်ရေး လိုအပ်သည့် ထောက်ပံ့ ကူညီမှုများ ပေးသွားမည်ဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆပ်ကပ်လှူဒါန်း ပွဲအခမ်းအနားများနှင့် ပုံမှန်ကျင်းပလျက်ရှိသည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(၄၇)ပါး စုံညီအစည်းအဝေးများကိုလည်း ဆက်လက် ကျင်းပပြု လုပ်နိုင်ရေး သတ်မှတ်လျာထားပြီးဖြစ်ကြောင်း လျှောက်ထားပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။  

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ် အမျိုးသား ဇာတ်ရုံ၌ မန္တလေးမြို့ရှိ ဘာသာရေးအသင်းအဖွဲ့များမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို ရှင်းလင်းပြောကြားကာ ဘာသာ ရေးအသင်းအဖွဲ့များ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ရန် ဆန္ဒရှိ ပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှတစ်ဆင့် ဆက်သွယ်တင်ပြနိုင်ရန် ပြောကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)