ဖျာပုံ ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့နယ် အမှတ်(၂)ရပ်ကွက် ပထမ လမ်းရှိ မြို့မ နှစ်ထပ်ဈေးကြီး တွင် ယမန်နေ့ ညနေ ၃ နာရီကျော်ခန့်က မြို့မနှစ်ထပ်ဈေးကြီး အပေါ်ထပ်အရှေ့ယာဘက်ထောင့် အတွင်းဘက်ရှိဆိုင်ခန်း စိစစ်ဆဲမှ ဈေးပိတ်သိမ်းပြီးနောက်ပိုင်း မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ရာသို့ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူးကြီး မိုးမြင့်ဇော်နှင့် တာဝန်ရှိသူများ၊ ဖျာပုံခရိုင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ပြည်သူများ၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့ နယ်၊ မအူပင်မြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များရှိ မီးသတ်ဦးစီးဌာနတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များသည်မီးငြိမ်းသတ်ယာဉ် ၁၃ စီး၊ ရေသယ်ယာဉ် သုံးစီး၊ မီးသတ်စက်ယာဉ် တစ်စီး၊ အထောက် အကူပြုယာဉ်တစ်စီး စသည်တို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် လုံးဝမီးငြိမ်းနိုင် ခဲ့သည်။
မြို့မဈေးကြီးကို လွန်ခဲ့သော နှစ် ၃၀ ခန့်က ဆောက်လုပ်ခဲ့ပြီး အာစီတိုင်၊ ကွန်ကရစ်ခင်း/ အပေါ် ထပ်ပျဉ်ခင်း၊ သွပ်မိုး၊ အလျား ပေ ၁၈၀၊ အနံပေ၁၂၀ ရှိကာမီးလောင်ရခြင်းမှာ ဈေးဆိုင်ခန်းများ ပတ်လမ်း မျက်နှာကြက်တွင် သွယ်တန်းထားသော လျှပ်စစ် ဝိုင်ယာကြိုးများ အပူလွန်ကဲရာမှ အပေါ်ထပ် (B)ရုံ မျက်နှာကြက်အား မီးစတင်လောင်ကျွမ်းခဲ့ပြီး အလျား ပေ ၁၈၀၊ အနံ ပေ ၁၂၀၊ အမြင့် ၂၅ ပေရှိ နှစ်ထပ်ဈေးကြီးအတွင်း အပေါ်ထပ် (B)ရုံ ဈေးဆိုင် ခန်း ၁၂၂ခန်း၊ အောက်ထပ် (A)ရုံ ဈေးဆိုင်ခန်း ၉၁ ခန်း စုစုပေါင်း ၂၁၃ ခန်း မီးလောင်ဆုံးရှုံးခဲ့ သည်။ မီးလောင်မှုနှင့် ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ဖျာပုံမြို့မရဲစခန်းမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)