လေးမျက်နှာ ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးပေါက်ကုန်းအုပ်စု ဒေါင့်ကွေးကျေးရွာရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက အရင်း မပျောက်လည်ပတ်ရန်ပုံငွေ (မြစိမ်းရောင် စီမံကိန်း ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဒေါင့်ကွေးကျေးရွာ၌ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်မည့်သူ ၇၄ ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်မည့်သူ ၆၂ ဦး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်မည့်သူ နှစ်ဦး စုစုပေါင်း စီမံကိန်းအသင်းဝင်ပေါင်း ၁၃၈ ဦးအတွက် ငွေကျပ် (၃၀-၉၄) သန်းအား စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် ဒုတိယအကြိမ်မြောက် ပြန်လည်ထုတ် ချေးပေးခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)