Skip to main content

ပင်စင်စားများအား ပင်စင်လစာများပုံမှန်အတိုင်းထုတ်ပေးမည်

ရန်ကုန် ဖေဖော်ဝါရီ ၂၀ ရန်ကုန် မြောက်ပိုင်းခရိုင်ရှိ ပင်စင်စားများကို လစဉ်ပုံမှန်အတိုင်း ပင်စင်ထုတ် ပေးသွားမည် ဖြစ်ကြောင်း အင်းစိန်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။ မြောက်ပိုင်းခရိုင်အတွင်း အင်းစိန်မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူ သော ပင်စင်စား နှစ်သောင်းကျော်ရှိပြီး စမတ်ကတ်၊ ပင်စင်စာအုပ်၊ WavePay နှင့် ပင်စင်စားများ လွယ်ကူ အဆင်ပြေစွာ ထုတ်ယူနိုင်သော နည်းများဖြင့် ထုတ်ပေးလျက်ရှိရာ ဖေဖော်ဝါရီလအတွက် ၂၁ ရက်တွင် ပုံမှန်အတိုင်း နိုင်ငံ့ပင်စင်စားများကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ “ပင်စင်စားတွေကို ပေးနိုင်သမျှ ပေးသွားမှာပါ။ wavemoneyနဲ့ ထုတ်ယူနေ တဲ့သူတွေ လည်း ပုံမှန်အတိုင်း ထုတ်ယူလို့ရပါတယ်”ဟု အင်းစိန်မြန်မာ့ စီးပွားရေးဘဏ် မန်နေဂျာ ဦးထက်နိုင်က ပြောသည်။ အင်းစိန်မြောက်ပိုင်းခရိုင်အတွင်း မြန်မာ့စီးပွားရေးဘဏ် ခုနစ်ခုရှိပြီး ထိုဘဏ်များတွင် ပင်စင်ထုတ်ပေးမည်ဖြစ်ပြီး အင်းစိန်မြန်မာ့စီးပွားရေးဘဏ်မှ မြို့ပြပင်စင်စား ၁၂၀၀၀ ကျော် နှင့် အခြားပင်စင်စား ၁၂၀၀၀ကျော်ကို ပုံမှန်အတိုင်း ပင်စင်လစာ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ အောင်သပြေ