Skip to main content

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒေသဖွံ့ဖြိုးရေးအရအသုံးဆိုင်ရာ ကိစ္စရပ်များနှင့် စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်လေလံဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၀ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၏ဒေသဖွံ့ဖြိုးရေး အရအသုံးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်ဆိုင်ရာ လေလံကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ် ကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး များကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။ ရှေးဦးစွာ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဒေသဖွံ့ဖြိုးရေးအရအသုံး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ကောင်စီအနေဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေသကဲ့သို့ ယခင် အစိုးရ လက်ထက်က လုပ်ငန်းများကိုလည်း ပုံမှန်အတိုင်း အရှိန်အဟုန်မပျတ် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျင်မြန်စွာဆောင်ရွက် သွားနိုင်ရေးကို အလေးထားဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။ ယင်းနောက် ပြည်နယ်ကောင်စီရုံး ညွှန်ကြားရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး၊ ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့မှ ပြည်နယ် ဦးစီးမှူးများက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအရအသုံးဆိုင်ရာများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သည့် ဥပဒေ၊ (ညွှန်ကြားချက်များ၊ စာရင်းစစ်ချုပ် ဥပဒေပါ ညွှန်ကြားချက်များ၊ ဒေသန္တရစီမံကိန်းရေးဆွဲရေးကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ဆွေးနွေး တင်ပြမှုများအပေါ် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ဦးမျိုးဆွေနှင့် ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေး လိုင်စင်ကိစ္စ နှင့် ၂၀၂၀၂၀၂၁ ဘဏ္ဍာနှစ် ဝင်ငွေနှင့် အသုံးစရိတ်ဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၏ အရပ်ရပ်အခွင့်အရေးလိုင်စင်တွင် ပြည်နယ်အတွင်း မြို့နယ်များအလိုက် လိုင်စင်အရပ်ရပ် ခွင့်ပြု ပေးမှု အခြေအနေ၊ စည်ပင်သာယာရေးအဖွဲ့၏ ဝင်ငွေရရှိမှု အခြေအနေနှင့် အသုံးစရိတ်များရေးဆွဲ၍ လုပ်ငန်းဆောင်ရွက်မှုအပိုင်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် ပြည်နယ် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုင်စင် များကို မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိအောင် ခွင့်ပြုဆောင်ရွက်သွားရေး၊ တရားမဝင်ရောင်း ဝယ်ဖောက်ကားမှုများကို ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက်ရေးတို့ကို ညှိနှိုင်းဆုံးဖြတ်ပေးခဲ့သည်။ ပြည်နယ်(ပြန်/ဆက်)