နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြည်သူသို့အသိပေးချက်
နိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက်ရန်အတွက် နိုင်ငံ့တာဝန်များကို မပျက်မကွက် ဆက်လက် ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင် မဝင်နိုင်အောင် နိုင်ငံတော်ကို ဆန့်ကျင်နှောင့်ယှက်မှုပြုနေသူအချို့က နည်းအမျိုးမျိုးဖြင့် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်းကို ကြားသိနေရပါသည်။ ဖိအားပေးခြိမ်းခြောက်သူများအနေဖြင့် ယင်းလုပ်ရပ် များသည် ဥပဒေနှင့်ဆန့်ကျင်သကဲ့သို့ မိမိ၏အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးခြင်း ဆိုင်ရာ မူသဘောတရားများနှင့်လည်း ဆန့်ကျင်နေပါသည်။ ဝန်ထမ်းမဟုတ်သူ ပြည်သူလူထု အချင်းချင်းကြားတွင်လည်း အလားတူ ပြုလုပ်မှုများရှိနေကြောင်းကိုလည်း ကြားသိရပါသည်။ မည်သူမဆို မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် အခြားသူများ၏ အခွင့် အရေးနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြုရန်လိုအပ်ပါသည်။ ထို့အပြင် အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန်အတွက် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်း လိုက်နာကျင့်သုံးရန်လိုအပ်ပါသည်။ သို့ပါ၍ ဖိအားပေးခြိမ်းခြောက်ခံရသူများ၏ အခွင့်အရေး ထိပါးနှောင့်ယှက်ခံရမှုများကို ဥပဒေကြောင်းအရ ကုစားပေးနိုင်ရေးနှင့် ထိပါးနှောင့်ယှက်သူများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး အတွက် အောက်ပါဖုန်းနံပါတ်များနှင့် e-mail လိပ်စာများသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်များနှင့် e-mail လိပ်စာများ