မြစ်ကြီးနား ဖေဖော်ဝါရီ ၁၉
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် သည် ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် အထက် မော်ဖောင်း ကျေးရွာရှိ နေရပ်စွန့်ခွာပြည်သူများ ယာယီ ရွှေ့ပြောင်းနေထိုင်လျက်ရှိသည့် မော်ဖောင်းလော်ဝေါ် IDPs စခန်း၌ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ၁ နာရီတွင် ဘာသာရေး ခေါင်းဆောင်များ၊ စခန်းနေ မိသားစုများ၊ ကျေးရွာပြည်သူ များနှင့်တွေ့ဆုံပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
အားပေးစကားပြောကြား ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီးတို့အား ကျေးရွာ နေပြည်သူများက ကြိုဆိုနှုတ်ခွန်းဆက် ကြပြီး ကချင်တိုင်းရင်းသားရိုးရာ မဂွန်းရှလစ်နှင့် ရိုးရာ ငွေဓား၊ ငွေလွယ်အိတ်နှင့် ခေါင်းပေါင်းတို့ကို စခန်းတာဝန်ခံ နှင့် တာဝန်ရှိသူတို့က ဂါရဝပြုပေး အပ်ကြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌက ရင်းရင်းနှီးနှီး အားပေးစကားပြောကြား သည်။
ယင်းနောက်စခန်းတာဝန်ခံ ဦးခေါင်လွမ်းက ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ကြိုဆိုပါ ကြောင်းနှင့် စခန်းနေ မိသားစုများအတွက်သောက်သုံးရေအလုံအလောက်ရရှိရေး၊ကျေးရွာအတွက် ရွာတွင်းလမ်း၊ ကျောင်းသွားလမ်း နှစ်ခုကို ကွန်ကရစ်လမ်းခင်းပေးနိုင်ရေး၊ ကျေးရွာ အလယ်တန်း
ကျောင်းအတွက် ကျောင်းဆောင်သစ်ရရှိရေးတို့အပေါ် တင်ပြတောင်းဆိုမှုကို ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကလက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်လျက် ရှိသော အခြေအနေများနှင့် နိုင်ငံတော်ကောင်စီ၏ မူဝါဒ အတိုင်း ပြည်နယ်ကောင်စီအနေဖြင့် ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေး ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာများကို ယခင်အတိုင်း မပြောင်း လဲဘဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့ကောင်စီ အနေဖြင့် အတတ်နိုင်ဆုံး ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို တာဝန်ယူစဉ် ကာလအတွင်း ပြည်သူများနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ယခု ကျေးရွာနေပြည်သူများ၏ သောက်သုံးရေ အလုံ အလောက်ရရှိ ရေးနှင့် ကျေးရွာတွင်းလမ်းလိုအပ်ချက် များကို အမြန်ဆုံးဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းဆောင်သစ်ရရှိရေးကို ပညာရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြား သည်။
ပြည်နယ်(ပြန်/ဆက်)