Skip to main content

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်( YMBA) မှ အသင်းဝင်များက တပ်မတော်ဆေးရုံသို့ စုပေါင်းသွေးလှူဒါန်း

 

နေပြည်တော် ဖေဖော်ဝါရီ ၁၁

နေပြည်တော် ဖေဖော်ဝါရီ ၁၁ နိုင်ငံတော်တွင် လက်ရှိဖြစ်ပွားနေသော အခြေအနေများ အရ တပ်မတော်ဆေးရုံ အသီးသီး၌ လာရောက် ဆေးကုသမှုခံယူလျက်ရှိသော တပ်မတော်သားများ၊ တိုင်းရင်းသားပြည်သူများ၏ သွေးလိုအပ်ချက်များကို တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင်၊ သွေးလှူရှင်များက စုပေါင်းသွေးလှူဒါန်းပေး လျက်ရှိသည်။

ထိုသို့ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်လည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA) ဥက္ကဋ္ဌ ဦးရဲထွန်း ဦးဆောင်သည့် YMBA အသင်းဝင်သံဃာတော် များနှင့် အသင်းသား အသင်းသူများ စုစုပေါင်း ၂၇ဝ တို့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ လာရောက်စုပေါင်းသွေးလှူဒါန်းကြသည်။

ရှေးဦးစွာ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်မင်း ကျော်သူက သွေးလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြော ကြားပြီး သွေးလှူ ဒါန်းနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်း များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးအုပ်စု ခွဲခြားပေးခြင်းများ ဆောင် ရွက်ပေးသည်။ ထို့နောက် သွေးအလှူရှင်များက သတ်မှတ် နေရာအသီးသီး၌ စုပေါင်းသွေးလှူ ဒါန်းကြ သည်။ ယင်းနောက် ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် စိန်လင်းက ကျေးဇူးတင်စကား ပြောကြားပြီး သွေးအလှူရှင်များအတွက် အာဟာ ရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရ သည်။

သတင်းစဉ်