ရန်ကုန် ဖေဖော်ဝါရီ ၁၁
ပြန်ကြားရေးဝန်ကြီးဌာနပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေး ဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ဖေဖော်ဝါရီ ၁၃ ရက် (စနေနေ့) တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် လူကောင်ထွားကျိုင်းပြီး သူငယ်ချင်း များကို အနိုင်ကျင့် တတ်သော သာပေါကို မောင်ထွေးလေးနှင့် သူငယ်ချင်းများက သင်ခန်းစာပေးသည့်အကြောင်း တင်ဆက်ထားသည့် “မောင်ထွေးလေး နှင့် သူငယ်ချင်းများ” မျက်နှာဖုံးကာတွန်း၊ ရိုးရရာပွဲတော်များနှင့် စည်ကားပြီး ရာသီအလှ၊ ဒါနကုသိုလ်များနှင့် ကျက်သရေ ရှိသည့် တပို့တွဲလအကြောင်းကို ရေးသား တင်ဆက် ထားသည့် “တပို့တွဲလ နှင့်ရာသီပွဲတော်များ” သုတဆောင်းပါး၊ ရွှေသွေး တို့အတွက် ပတ်ဝန်းကျင်ဆိုင်ရာ ဝေါဟာရ များကို ရေးသားတင်ဆက်ထားသည့် “ရွှေသွေးဝေါဟာရ” ရုပ်ပြ အဘိဓာန် ကဏ္ဍ၊ မြန်မာ့ရိုးရာ တူရိယာများထဲမှ လေမှုတ်တူရိယာဖြစ်သည့် ပလွေအကြောင်းကိုတင်ဆက်ထားသည့် “ပလွေ" သုတဆောင်း ပါး၊ ကလေးတို့ ဉာဏ်ရည်ထက်စေရန်အတွက် ရုပ်ပုံများထဲတွင် မတူကွဲပြားသည့် အချက်များကို ထည့်သွင်း တင်ဆက် ထားသည့် “မတူရာ(၁၀)ချက်” ဉာဏ်စမ်းကဏ္ဍ၊ ဂိမ်းအလွန်
အကျွံကစားသောကြောင့် ကျောင်းမှန်မှန်မတက်နိုင်တော့သည့် သမီးလေး ဆုရွှန်းလဲ့အကြောင်းကို ပညာပေး ရေးဖွဲ့ ထားသည့် “ကတိပေးပါတယ် ဖေဖေ" ကလေးဝတ္ထု၊ နာမ်ရှေ့တွဲသုံးစကားလုံးများ (determiner) အကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ ဆက်လက်တင်ဆက်ထားသည့် “ရွှေသွေး အင်္ဂလိပ် သဒ္ဓါ” အင်္ဂလိပ် သင်ခန်းစာကဏ္ဍ၊ ကဗျာကဏ္ဍ စုံလင်စွာဖြင့် ဖတ်စရာ၊ မှတ်စရာ များပါရှိကြောင်း သိရှိရသည်။
သတင်းစဉ်