နေပြည်တော် ဖေဖော်ဝါရီ ၁
coVID-19 ရောဂါ ဖြစ်ပေါ်မှုအခြေအနေများကြောင့် ဖူးမြော်ခွင့် ယာယီရပ်ဆိုင်း ထားရှိသည့် နိုင်ငံတစ်ဝန်းမှ ဘုရား စေတီပုထိုးများကို COMID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုတရားဘာဝနာ ပွားများ နိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ဖူးမြော်ခွင့်ပြုခဲ့ရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီး၊ မန္တလေး မြို့ရှိ မဟာမုနိ ရုပ်ရှင် တော်မြတ်ကြီး နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး တို့အပါ အဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ လာရောက်ဖူးမြော်ကြည်ညိုကြသူ ဘုရား ဖူးလာ သံဃာတော်များ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများသည် cOVID-19 စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ဖူးမြော်ကုသိုလ်ယူလျက်ရှိကြသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအားနေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိလည်းကောင်း၊ နံနက် ၈ နာရီမှ ၉နာရီအထိ လည်ကောင်း၊ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ လည်းကောင်း နံနက်ပိုင်း ၃ ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နရီ အထိ လည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိလည်းကောင်း ဖူးမြော် နိုင်ရေး ဆောင်ရွက်ပေး ထားကြောင်း သိရသည်။
သတင်းစဉ်