နေပြည်တော် ဖေဖော်ဝါရီ ၁၁
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဘရူနိုင်း မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ဒါရူဆလမ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) the Honourable Dato Seri Setia Haji Erywan bin Pehin Datu Pekerma Jaya Haji Mohd. Yusuf လက်ခံ ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ် တိုးတက်မှု အခြေအနေကို ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂)အား ရှင်းလင်းပြောကြားပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများသည် အာဆီယံ ပေါင်းစည်း ညီညွတ်ရေး စိတ်ဓာတ်ကို အခြေခံလျက် အာဆီယံဒေသတွင်း ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးအပါအဝင် မြန်မာ နိုင်ငံနှင့် ဘရူနိုင်း နိုင်ငံ တို့အကြား ရှိရင်းစွဲဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရေး ကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဘရူနိုင်းနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် အပေါ် ဝမ်းမြောက် ဂုဏ်ယူကြောင်းနှင့် အာဆီယံ အသိုက်အဝန်း တည်ထောင်ရေး ကြိုးပမ်းမှုများနှင့် အာဆီယံ၏ ဦးစားပေးလုပ်ငန်း များ အောင်မြင် စေရန် အပြည့်အဝထောက်ခံပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
သတင်းစဉ်