Skip to main content

တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ “၂၀၂၁” ပွဲတော် ကျင်းပရန် စီစဉ်ထားရှိ

နေပြည်တော် ဖေဖော်ဝါရီ ၇

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ် တိုင်းရင်းသားလုပ်ငန်း ရှင်များ ပူးပေါင်း၍ တတိယအကြိမ် သွေးချင်း တို့ရဲ့ ပွဲတော်ဆီ (၂၀၂၁) ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံ လိုင်း (NRC)၊ Web portal (Web program) တို့မှ Virtual Reality နည်းပညာဖြင့် ဖေဖော်ဝါရီ (၁၂) ရက်တွင် စတင်ထုတ်လွှင့် သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်း အနားကို ဖေဖော်ဝါရီ (၂၆) ရက်တွင် လည်းကောင်း ပိတ်ပွဲအခမ်းအနားကို မတ် (၁၂)ရက်တွင်လည်းကောင်း ကျင်းပဆောင်ရွက် သွားမည်ဖြစ်သည်။ သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော်ကို အဓိကအားဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း/ဒေသ(၆)ခု စုစုပေါင်းတိုင်းရင်းသား လူမျိုး (၁၄) ခု ကို အခြေခံ၍ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆိုအကများ တင်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖေဖော်ဝါရီ (၁၂) ရက်မှစ၍ မတ်(၁၂)ရက် အထိ အပတ်စဉ် သောကြာ နေ့ ည (၉) နာရီမှ (၁၁)နာရီအထိ တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုများ၊ အဆိုအကများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ ထို့ပြင် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော်တွင် တိုင်းရင်းသားများ၏ ရိုးရာ ယဉ် ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် ဖေဖော်ဝါရီ (၂၈) ရက်မှ မတ် (၆)ရက်အထိ နံနက် (၉)နာရီမှစ၍ နေ့စဉ် Web portal တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ တအာင်း(ပလောင်)၊ ဓနု၊ နာဂ၊ ပအိုဝ်း၊ “ဝ” တိုင်းရင်းသားများ၏ ရိုးရာယဉ် ကျေးမှုပြ ခန်းများ၊ ရိုးရာအဝတ်အထည်ဆိုင်ခန်းများ၊ ရိုးရာအစား အသောက်များ၊ ဒေသထုတ်ကုန် ရောင်းချ မှုပြခန်းများ၊ တိုင်းရင်းသားဒေသအထင်ကရနေရာများ၊ ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်း များနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ရိုက်ကူးထားသော ဗီဒီယိုကလစ်များ၊ တိုင်းရင်းသား အဆို ရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ယဉ်ကျေးမှုအကများ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနများ၏ ပြခန်းများကို ကြည့်ရှုခံစား နိုင်မည် ဖြစ်ပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အရောင်းပြခန်းနှင့် ဒေသထုတ်ကုန် အရောင်းပြခန်းများတွင် Online စနစ်ဖြင့် ဝယ်ယူအားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)