Skip to main content

ရန်ကုန်မြို့၌ YBS ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲလျက်ရှိ

ရန်ကုန်   ဖေဖော်ဝါရီ   

ရန်ကုန်မြို့၌ ယနေ့နံနက်ပိုင်းမှစတင်ကာ YBS ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲလျက်ရှိသည်ကို တွေ့ရသည်။

ကျွန်တော်တို့ ယာဉ်လိုင်းတွေကတော့ပုံမှန်ပြေးဆွဲလျက်ရှိပါတယ်။ ခရီးသွားတွေရှိ နေတဲ့အတွက် ပုံမှန် အတိုင်းပဲပြေးဆွဲပေးလျက်ရှိပါတယ်ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ရန်ကုန်မြို့လမ်းများပေါ်တွင်   YBS   ယာဉ်လိုင်းအသီးသီးမှ   ယာဉ်လိုင်းများအပြင် အခြားသော ကိုယ်ပိုင် ယာဉ်များ၊ အငှားယာဉ်များကိုလည်း ပုံမှန် အနေအထားတစ်ခုဖြင့် ပြေးဆွဲနေသည်ကို တွေ့ရသည်။

ကိုဗစ်-၁၉ ကာလမှာ ရောဂါဖြစ်ပွားတဲ့  အနည်းအများအပေါ်မူတည်ပြီး  နေ့စဉ် ဘတ်စ်ကား ပြေးဆွဲမှု လျော့နည်းကျဆင်းခဲ့သော်လည်း ယခု အခါမှာ အစီးရေ ၃၀၀၀ ကျော်ပြန် ထွက်လာပြီဖြစ်တဲ့အတွက် ဘတ်စ်ကားအစီးရေ လေးပုံ၊ သုံးပုံပြန်လည်ပြေးဆွဲနေပြီဖြစ် ပါတယ်။ ခရီးသည်  ကတော့ လေးသိန်း ခွဲကနေ ငါးသိန်းဆိုတော့ နည်းပါသေးတယ်။ ပုံမှန် ကတော့ ၁၈ သိန်းလောက်ရှိပါတယ်။                       

ဒါပေမယ့်  ဘယ်လိုပဲဖြစ်ဖြစ် မနက်ပိုင်းနဲ့ ညနေပိုင်းမှာ စီးတဲ့သူက များပါတယ်။ နေ့ခင်းမှာသာ လျော့ သွားတာ ဖြစ်ပါတယ်"ဟု ရန်ကုန် တိုင်းဒေသကြီး မော်တော်ယာဉ်ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်   နေ့စဉ်ယာဉ်လိုင်းပေါင်း  ၁၀၀ နီးပါး၊  ယာဉ်စီးရေ  ၄၀၀၀  ကျော်ဖြင့်  ခရီးသွား ပြည်သူများအား ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း၊ ယာဉ်စီးရေ ၃၀၀၀ ကျော် ပြန်လည် ပြေးဆွဲ ပေးနေပြီဖြစ်ကြောင်း သိရသည်။

            

မြင့်မောင်ကျော်