Skip to main content

YRTA ယာဉ်မောင်းများနှင့် ဝန်ထမ်းများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

ရန်ကုန်    ဖေဖော်ဝါရီ   

ရန်ကုန်တိုင်းဒေသကြီး    သယ်ယူပို့ ဆောင်ရေး     ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အောက်ရှိ   ယာဉ် လိုင်း များတွင်   ပြေးဆွဲပေးလျက်ရှိသော YRTA  ယာဉ်မောင်းများနှင့်   ဝန်ထမ်း များအား မြန်မာနိုင်ငံ တွင် လတ်တလော   ဖြစ်ပေါ်လျက်ရှိသော   ကိုဗစ် - ၁၉ ရောဂါ     ကာကွယ်ဆေး ထိုးနှံပေးမှု လုပ်ငန်း ကို ဖေဖော်ဝါရီ ရက် နံနက် ပိုင်းတွင်    စတင်ထိုးနှံပေးခဲ့ကြောင်း YRTA ရုံးမှ သိရသည်။

ယင်းသို့     ကိုဗစ် - ၁၉    ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းလုပ်ငန်း ကို   ရန်ကုန်တိုင်းဒေသကြီး  သယ်ယူ ပို့ဆောင်ရေး        ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့  (YRTA)  အနေဖြင့် ပထမဆုံး   စတင် ထိုးနှံပေး ခြင်းဖြစ်ပြီး ထိုးနှံရာတွင်လည်း  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးတွင် ရှေ့တန်းမှ   ကိုယ်ကျိုးစွန့်အနစ်နာခံ ကာ  ပါဝင်ဆောင်ရွက်နေသော  YRTA ယာဉ်မောင်းများနှင့်   ဝန်ထမ်း များအား စတင်ထိုးနှံပေးခြင်းဖြစ်သည်။

အဆိုပါ  YRTA  ယာဉ်မောင်းများ နှင့်     ဝန်ထမ်းများအား   ကိုဗစ် - ၁၉ ကာကွယ်ဆေး          ထိုးနှံ ပေးရာတွင် ကျန်းမာရေးနှင့်     အားကစားဝန်ကြီး ဌာနမှ  ထုတ်ပြန် ထားသော လမ်းညွှန် ချက်များနှင့် အညီ     စနစ်တကျ    စီမံ ဆောင်ရွက်ပြီး  အရေအတွက်အားဖြင့် လည်း  ကျန်းမာရေးနှင့်   အားကစား ဝန်ကြီး ဌာနနှင့်    ညှိနှိုင်းကာ    ကနဦး စတင်      ထိုးနှံပေးခြင်းဖြစ်ကြောင်း အဆိုပါရုံးမှ        တာဝန်ရှိ သူတစ်ဦး က    မြန်မာ့အလင်းသို့        ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး   သယ်ယူ ပို့ဆောင်ရေး      ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို  ကနဦး အဖြစ် ဖေဖော်ဝါရီ  ရက်မှ     ရက် အထိ  ဆက်တိုက် ထိုးနှံပေးသွားမည် ဖြစ်ကာ   ဖေဖော်ဝါရီ ရက်တွင် တောင်ဥက္ကလာ မြို့နယ် အဖွဲ့မှ     လာရောက် ထိုးနှံခြင်း ဖြစ်ပြီး   ဖေဖော်ဝါရီ       ရက်တွင်   သင်္ဃန်းကျွန်းမြို့နယ်        အဖွဲ့မှ လာရောက် ထိုးနှံခြင်း     ဖြစ်သည်။ ယင်းသို့      ရန်ကုန် တိုင်းဒေ သကြီး    သယ်ယူပို့ဆောင်ရေး      ကြီးကြပ် ကွပ်ကဲမှု    အာဏာပိုင်အဖွဲ့     (YRTA)     မှ ယာဉ်မောင်း များနှင့် ဝန်ထမ်းများ အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးရာတွင်       ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာန        အစီအမံ ကြီးကြပ်မှုဖြင့်          ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

မောင်စိန်လွင် (မြန်မာ့အလင်း)

ဓာတ်ပုံ- မင်းထက်