ကမမောင်း ဇန်နဝါရီ ၃၀
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အတွင်းရေးမှူးဦးကျော်စိုး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများတို့သည် ယနေ့နံနက်( ၉)နာရီခွဲအချိန်တွင် ကမမောင်းမြို့ အမှတ်(၄)ရပ်ကွက် ကိုးနဝင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဝိဇာတဓမ္မာရုံခန်းမသို့ ရောက်ရှိပြီး ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအခြေခံ လူတန်းစားများ အားနိုင်ငံတော်အစိုးရမှ ထောက်ပံငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ကိုဗစ်-၁၉ရော ဂါဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအခြေခံလူတန်းစား များအား နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင်ငွေကျပ် (၂၀၀၀၀)ထောက်ပံ့ပေး အပ်ရခြင်း၏အကြောင်းကို ရှင်းပြခဲ့ပြီး ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကြရန်အတွက် နေအိမ်မှအပြင်သို့ ထွက်တိုင်းနှာခေါင်းစည်း(mask)တပ် ဆင်ကြစေလိုကြောင်း၊ အရာဝထ္ထုများကိုကိုင်တွယ်ပြီးတိုင်းလက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်လိုကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်သော လမ်းညွှန်ချက်များကို လေးစားလိုက်နာကြရန်လိုအပ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်ကမမောင်းမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအခြေခံလူတန်း စားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှထောက်ပံ့သည့်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့်အခြေခံ လူတန်းစား အိမ်ထောင်စု (၄၁၁)စုအား တစ်အိမ်ထောင်လျှင်ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈၂၂၀၀၀၀)ကျပ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုးနဝင်းဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဥူးကုသလအား ဝင်ရောက်ဖူးမျှော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ၂၀၂၀ - ၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွက် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းရှိ ရပ်ဝေးနေကျောင်းသား၊ ကျောင်း သူများအတွက် ရိက္ခာဆန်ဘိုးငွေ (၆)လအတွက်လှူဒါန်းငွေသိန်း (၂၀၀)ကျပ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့က ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့အတွင်းရှိကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂)နှစ်အောက်ကလေးငယ်များ အား၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ ်(ပထမ)အကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မ ှထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းပြခဲ့ပြီးနောက် ကိုယ်ဝန်ဆောင်မိခင် ( ၄၈၇) ဦးနှင့် အသက်(၂)နှစ်အောက်ကလေးငယ် (၁၅၈၆)ဦး၊ စုစုပေါင်း(၂၀၇၃) ဦးတို့အတွက် ထောက်ပံ့ငွေ (၈၉၇၀၀၀၀၀)ကျပ်ကို မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူထံပေး အပ်ခဲ့ကြောင်း သိရှိရသည်။
လင်းသန့်သန့် ( ပြန် / ဆက်)