Skip to main content

ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးဝယ်ယူရန် Petrol Star Co., Ltd မှ အလှူ‌ငွေလှူဒါန်း

ပဲခူး   ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ဇန်နဝါရီ ၂၇ရက် မွန်းလွဲ ၁နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ဝန်ကြီးချုပ်ထံ အလှူ‌ငွေများ လာရောက်လှူဒါန်းပေးကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လှူဒါန်ပေးမှုအပေါ် ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားပြီး ဦးအောင်ဝင်း+ဒေါ်နွယ်နွယ်ဦး (Petrol Star Co., Ltd) မိသားစုမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူ‌ငွေ ကျပ်သိန်း(၅၀)ကျပ်အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးစိုးသိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေနှင့် အလှူရှင်မိသားစုများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)