Skip to main content

ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် သူနာပြုဆရာမများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံငွေပေးအပ်

 တောင်ကြီး ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတွင် အသုံးပြုရန် ပစ္စည်းများဝယ်ယူရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရန်အတွက် ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် သူနာပြုဆရာမများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် သူနာပြုဆရာမများအား ထောက်ပံ့ငွေကျပ်(၆၈)သိန်း၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတွင် အသုံးပြုရန် ပစ္စည်းများဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း(၆)သောင်းတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ ရှမ်းပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သူဇာချစ်တင်မှ လက်ခံရယူကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)