Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့ မြို့ရှောင်လမ်းဖြတ်သန်းသွားမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

ရွှေဘို   ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက် (၈)နာရီက ရွှေဘိုမြို့ မြို့ရှောင်လမ်းပေါ်ရှိ လမ်းတံတားများ ကြံ့ခိုင်မှုအေခြအနေနှင့် ယာဉ်ကြီးယာဉ်ငယ်များဖြင့် ကုန်စည်ပို့ဆောင်ဖြတ်သန်းသွားလာမှု အခြေအနေတို့အား  ကြည့်ရှုစစ်ဆေးပြီး သံကူကွန်ကရစ်တံတားအမှတ် ၂/၃ တံတားအကျယ် ၅×၅၀ ပေ နေရာတွင် တံတားကြမ်းခင်း ပေါက်ပြဲနေမှုတို့အား အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထွန်းကိုကို(တိုင်းဒေသကြီး ပြန်/ဆက်)