Skip to main content

လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   ဇန်နဝါရီ    ၂၂

လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် လမ်းပေါ်နေ ကလေးများ ကာကွယ်စောင့်ရှောက်‌ရေးလုပ်ငန်းများကို   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်     ဆက်လက်‌ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNICEF (မြန်မာ)၊ SPPRG၊ TDHL၊ World Vision၊   Kinnected Myanmar တို့နှင့် ညှိနှိုင်းအစည်းအဝေးကို   ယနေ့တွင်    Virtual Meeting    ဖြင့်   ကျင်းပသည်။

ရှေးဦးစွာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးတက်ရောက်လာသူများက     ရန်ကုန်တိုင်းဒေသကြီးနှင့်  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  လမ်းပေါ်နေကလေးများအား ကိုဗစ်-၁၉  ကာလအတွင်း    ထောက်ပံ့ဆောင်ရွက်ခဲ့မှုဆိုင်ရာ အစီရင်ခံစာ၊   မြန်မာနိုင်ငံအတွင်း   လက်ရှိဆောင်ရွက်နေသည့် လမ်းပေါ်နေကလေး ကာကွယ်စောင့်ရှောက်‌ခြင်းဆိုင်ရာ အစီအစဉ် တို့၏ တိုးတက်ပြောင်းလဲမှုအခြေအနေများ၊ နိုင်ငံတကာတွင် လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်‌ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် အလေ့အထကောင်းများ၊ လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်‌ရေးတွင်    လိုအပ်သည့်   အတန်းပညာသင်ယူနိုင်ရေး၊ အသက်မွေးဝမ်းကျောင်း ပညာသင်ယူနိုင်ရေး၊ ဌာနအခြေပြု ပြုစုစောင့်ရှောက်ခြင်းတို့နှင့် စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း၊ စိန်ခေါ်မှုများကို   လည်းကောင်း၊   ရေရှည်ဆောင်ရွက်နိုင်မည့် မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင် အထည်ဖော်    ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍    လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်