Skip to main content

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်းမြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် အခြေအနေ

နေပြည်တော်   ဇန်နဝါရီ   ၂၂

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၄၉ ဒသမ ၇၉ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၄၉ ဒသမ ၈၁ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၉၉ ဒသမ ၆၀ သန်း ဖြစ်သည်။   ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၆၅ ဒသမ ၈၄ သန်း၊   နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၅၉ ဒသမ ၄၄ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၂၅ ဒသမ  ၂၈  သန်းဖြစ်သည်။   သို့ဖြစ်ပါ၍  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နိုဝင်ဘာလ အတွက် စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၅၂၄ ဒသမ ၈၈ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၃၂ သန်း ဖြစ်ပေါ်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှနိုဝင်ဘာလအထိ မြန်မာ နိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၅၁ ဒသမ ၇၂ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၉၉၁ ဒသမ ၇၇ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂၄၃ ဒသမ ၄၉ သန်း ဖြစ်သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၉၂၁ ဒသမ ၆၂ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၄၀ ဒသမ ၉၉ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၃၆၂ ဒသမ ၆၁ သန်း ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ နိုဝင်ဘာလအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၆၀၆ ဒသမ ၁၀ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၁၂ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်းကုန် အခြေအနေအစီရင်ခံစာအရ သိရသည်။

သတင်းစဉ်