Skip to main content

မြန်မာလွှတ်တော်နှင့် Hanns Seidel Foundation (HSF) တို့အကြားအွန်လိုင်းမှတစ်ဆင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၂၂

မြန်မာလွှတ်တော်နှင့် Hanns Seidel Foundation (HSF) တို့အကြား ချုပ်ဆို သည့် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) သက်တမ်းတိုးလက်မှတ်ရေးထိုးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

လက်မှတ်ရေးထိုးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့  (JCC)  ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊  JCC အဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် HSF မှ မြန်မာ နိုင်ငံဌာနေကိုယ်စားလှယ် Mr. Achim Munz နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး HSF မှ မြန်မာ နိုင်ငံဌာနေကိုယ်စားလှယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် နားလည်မှုစာချွန်လွှာ (MoU) တွင် JCC အဖွဲ့ တွဲဖက်အတွင်းရေးမှူး (၂)၊ အမျိုးသားလွှတ်တော်ရုံး၊  ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးနှင့် HSF မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Mr. Achim Munz တို့က အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုးကြသည်။ 

သတင်းစဉ်