Skip to main content

ငါးလုပ်ငန်းကဏ္ဍအပေါ် ကိုဗစ်-၁၉ သက်ရောက်မှုအား တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ဇန်နဝါရီ ၂၁

ငါးလုပ်ငန်းကဏ္ဍအပေါ် ကိုဗစ်-၁၉ သက်ရောက်မှုအား တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ် များညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ရေထွက်ကုန်ပစ္စည်းများကို အလားအလာကောင်းသည့် ပြည်ပစျေး ကွက်များနှင့် ချိတ်ဆက်နိုင်ရန်နှင့် အစိုးရများအချင်းချင်းအကြား သဘောတူညီမှုရရှိရန် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့်ငါးများကို ကိုဗစ်-၁၉ ရောဂါပိုး မွှား ကင်းစင်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ  အပါအဝင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ရန်ကုန်နှင့် မန္တလေး တို့တွင်ဆောင်ရွက်မည့် ထောက်ခံချက်ထုတ်ပေးရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများတွင် လိုက်နာ ရမည့်စံများ သတ်မှတ်ပေးခြင်း၊ ဝန်ထမ်းများ နည်းပညာ အရည်အသွေး မြှင့်တင်ပေးခြင်းနှင့် အအေး ခန်းစက်ရုံများအား အသိပညာပေးခြင်းတို့ကို တစ်ပြိုင်တည်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ငါးစားသုံးမှုဖွံ့ဖြိုး တိုးတက်ရေး အစည်းအဝေးဆုံးဖြတ်ချက် နှင့်ပတ်သက်၍လည်းကောင်း ၊  သမဝါယမဦးစီးဌာညွှန် ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမကဏ္ဍက ရေထွက်ကုန်ပစ္စည်းများ ဝယ်ယူရောင်း ချမှုဆိုင်ရာလုပ်ငန်းများကိုလည်းကောင်း တင်ပြကြရာ အစည်းအဝေးတက်ရောက်လာကြသူများ က ငါးစားသုံးမှုဖွံ့ဖြိုးတိုးတက်ရေး၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်ရမည် လုပ်ငန်းစဉ်ဆိုင်ရာများ၊ ငါးစျေးကွက်ရှာဖွေရေး၊ ငါးတွင်ပါဝင်သည့် အာဟာရဓါတ် တန်ဖိုး ပြည်သူများသိရှိနိုင်ရန် တိုးချဲ့ပညာပေးရေးနှင့် ပြည်တွင်းငါးစျေးကွက် ရှာဖွေဖော်ထုတ်ပေး ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

သမဝါယမကဏ္ဍအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်သမဝါယမဦးစီး ဌာနနှင့် မြို့နယ်အသင်းစုတို့ပါဝင်သော ရေထွက်ကုန်ပစ္စည်းရောင်းချရေး ကော်မတီအဖွဲ့များဖွဲ့ စည်း၍ မြို့နယ်အတွင်းရေထွက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းကို No Profit, No Loss ကျင့် စဉ်နှင့်အညီ  စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ၊ ရေထွက်ကုန်ပစ္စည်းများအား တိုင်းဒေသ ကြီး နှင့်ပြည်နယ်ပြင်ပသို့ ရောင်းချနိုင်ရေးအတွက် အသင်းစုချုပ် အချင်းချင်းချိတ်ဆက်၍ ငါးကဏ္ဍ ဖွံ့ဖြိုးရေးကို စီစဉ်ဆောင်ရွက်သွား မည်ဖြစ်သည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးလှကျော်၊ အမြဲတမ်းအတွင်းဝန်ဦးကျော်မင်းဦး၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကောင်းမွန်သော ရေနေသတ္တဝါ မွေးမြူရေးကျင့်စဉ် GAqP နည်းပညာ တိုးချဲ့ပညာပေးရေးအဖွဲ့ကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ GAqP ဆိုင်ရာစွမ်း ဆောင်ရည်မြှင့်သင်တန်း ဟောပြောပွဲပေါင်း(၁၁၁)ကြိမ်တွင် သင်တန်းသား (၅၀၀၀) ဦးကိုလည်း ကောင်း၊ GAqP ၏ အလုပ်ရုံဆွေးနွေးပွဲများကိုလည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ငါး၊ ပုစွန်၊ ဂဏန်းမွေးကန် (၉၃၆၄ - ဧက)အတွက် GAqP အသိအမှတ်ပြုလက်မှတ် (၁၀)ခုကို ထုတ်ပေး ခဲ့ပြီးဖြစ်သည်။ အလားတူ MySap စီမံကိန်းနှင့်ပူးပေါင်း၍ GaqP စံချိန်စံညွှန်းကို အာဆီယံစံချိန် စံညွှန်းများနှင့်အညီရေးဆွဲခဲ့ရာ မူကြမ်းထွက်ရှိပြီး ဖြစ်သည်။

ငါးလုပ်ငန်းဦးစီးဌာန ဓါတ်ခွဲခန်းအနေဖြင့် ISO: IEC – 17025 ရယူထားပြီး ပြည်ပ တင်ပို့သည့် ရေထွက်ပစ္စည်းများကို ဓါတ်ခွဲစစ်ဆေးပေးလျက်ရှိရာ ISO: IEC – 17025 အရ Parameter များတိုး ချဲ့ စစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိကကဏ္ဍ အဆင့်မီဓါတ်ခွဲခန်းများ ပေါ်ပေါက် ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)