ညောင်ဦး ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ်များသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရေးသားသည့် ဆရာဝန်နိုင်ငံရေးသမား စာအုပ်များကို ကျေးရွာစာကြည့်တိုက် များနှင့် ကျောင်းစာကြည့်တိုက်များ၊ဌာနဆိုင်ရာများ သို့ စာအုပ်လှူဒါန်းခြင်းအား ယမန်နေ့ နံနက်ပိုင်းက ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
ဆရာဝန် နိုင်ငံရေးသမား စာအုပ်များကို ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီးတို့က ညောင်ဦး ခရိုင်အတွင်း ကျောက်ပန်းတောင်းမြို့နယ် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ ကျောင်း စာကြည့်တိုက်နှင့် ဌာနများအတွက် ၃၃ အုပ်၊ ညောင်ဦး မြို့နယ် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက် နှင့်ဌာနများ အတွက် ၃၅ အုပ်၊ ငါ့သရောက်မြို့ ရပ်ကွက်/ကျေးရွာ စာကြည့် တိုက်များ၊ ကျောင်းစာကြည့်တိုက်များ နှင့်ဌာနအချို့အတွက် ၃၂ အုပ် ၊စုစုပေါင်း စာအုပ် ၁၀၀ ကိုလှူဒါန်းခြင်းဖြစ်ပြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးမှ ထပ်ဆင့်လှူဒါန်းပေး ခဲ့ကြောင်းသိရသည်။
ကိုထိန်၊KPD