Skip to main content

ထားဝယ်မြို့၌ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့)ဆက်လက်ကျင်းပ

ထားဝယ်   ဇန်နဝါရီ ၂၁

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို ယနေ့နံနက်(၁၀)နာရီက ထားဝယ်မြို့တိုင်းဒေသကြီးလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၇)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆)ဦးနှင့် သတင်းမီဒီယာ (၃)ဦးတို့ တက်ရောက် ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် တိုင်းဒေသကြီးလွှတ်တော်ရုံး မှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးနေရာယူပြီးနောက် အစည်းအဝေးသို့ တက်ရောက် ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၂၇)ဦးရှိသည့်အနက် (၂၅)ဦး တက်ရောက်ခဲ့သဖြင့် စုစုပေါင်း (၉၂.၅၉%) ရာခိုင်နှုန်းရှိပြီး တက်ရောက် သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ် ဦးရေ(၃)ပုံ (၁)ပုံ ထက်ကျော်လွန်တဲ့ အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့ပါသည်။

အစည်းအဝေး၌တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ (ဒုတိယနေ့)အစည်းအဝေး တက်ရောက်မှု  အခြေအနေကို မှတ်တမ်းတင်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု‌ငွေစာရင်းနှင့် ပြုပြင်ပြီးရသုံးခန့်မှန်း ခြေငွေစာရင်းအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်း နှင့် တိုင်းဒေသကြီး လွှတ်တော်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက အစီရင်ခံစာအား ဖတ်ကြား ရှင်းလင်း သည်

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က တိုင်းဒေသကြီးတရားလွှတ်တော် နှင့် တိုင်းဒေသကြီး အတွင်းရှိ တရားရုံးများ၏(၁.၁၀.၂၀၁၆) ရက်နေ့မှ(၃၁.၁၂.၂၀၂၀)ရက်နေ့အထိတရားစီရင်ရေး ရာ၊စီမံရေးရာ၊ ထောက်ပံ့ရေးရာ ဆောင်ရွက်ချက်များ အခြေအနေကို တင်ပြသည့်အစီရင်ခံစာအား တိုင်းဒေသကြီး လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းတင်သွင်းခြင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေ ပြုရေးဆိုင်ရာကော်မတီက ဒုတိယအကြိမ်တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်သက်တမ်း(၅)နှစ် တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု တင်ပြချက်အစီရင်ခံစာအား တင်သွင်းခြင်းနှင့် တိုင်း‌ဒေသကြီးလွှတ်တော် ကမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီး လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီ က ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သက်တမ်း (၅) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုတင်ပြချက် အစီရင်ခံစာ အား တင်သွင်းခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် က မှတ်တမ်းတင်ခဲ့ပါသည်

၄င်းနောက်တိုင်းဒေသကြီးလွှတ်တော်ပြည်သူများ၏တိုင်ကြားစာ ၊ အသနားခံစာဆိုင်ရာစိစစ်ရေး ကော်မတီ က ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်သက်တမ်း (၅)နှစ်တာကာလအတွင်းလုပ်ငန်း ဆောင်ရွက်မှု တင်ပြချက်အစီရင်ခံစာအား တင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်(၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့) ကို မွန်းတည့် ၁၂နာရီ၆ မိနစ် အချိန်တွင်ရပ်နားခဲ့ပြီး (တတိယနေ့)ကိုဇန်နဝါရီ ၂၂ ရက်၊ နံနက် (၁၀)နာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)