မကွေး ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဒေသခံပြည်သူများစုပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ် ဆေးနှင့် လိုအပ်သည့် အောက်ဆီဂျင်အိုး ဝယ်ယူရန်အတွက် အလှူတော်ငွေကျပ် သိန်းပေါင်း (၄၈၀) ကျော်တို့ကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့ပေါ်ရှိ မဟာဝိသု တာရာမ ကျောင်းတိုက်၌ လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် ဝန်ကြီများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
မကွေးမြို့ပေါ်ရှိ အလှူရှင်များ We Love Magway လက်တွဲကူညီပရဟိတအဖွဲ့၊ ကရုဏာရှင် များအသင်းအဖွဲ့တို့က ဦးဆောင်ပြု လုပ်ခဲ့တာဖြစ်ပြီး COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး အစိုးရ အဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်မှုမဟုတ်ဘဲ ဆရာတော်၊ သံဃာတော်များနဲ့ ပြည်သူလူထုက မိမိတို့ အသိစိတ်ဓါတ်နှင့် ပူးပေါင်းပါဝင်ကာ လှူဒါန်းခဲ့တာဖြစ်ကြောင်း သိရသည်။
လှူဒါန်းမှုနှင့် ပတ်သက်ပြီး မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မကွေးဒေသခံတွေ အနေနဲ့ စုပေါင်းလှူဒါန်းတာဟာ ပထမအကြိမ်ဖြစ်ပြီး ဒုတိယအကြိမ် လှူဒါန်းသွားဖို့လည်း အစီအစဉ်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူဖို့ အတွက် လှူဒါန်းရာမှာ အမည်တပ်ပြီး လှူဒါန်းသူတွေ ရှိသလို အမည်မတပ်ပဲ လှူဒါန်းသူတွေလည်း အများအပြားရှိကြောင်း၊ တိုက်တွန်းလို့ လှူဒါန်းတာ မျိုးမဟုတ်ပဲ ဆရာတော်၊ သံဃာတော်၊ ဒေသခံပြည်သူတွေက ကိုယ့်အသိစိတ်နဲ့ ကိုယ်လှူဒါန်း ကြတာဖြစ်ကြောင်း၊ လှူဒါန်းခဲ့ကြတဲ့ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
မကွေးတိုင်းဒေသကြီးတွင် ပထမအကြိမ် စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ဒုတိယအကြိမ် ဆက်လက် လှူဒါန်းသွားရန် အစီအစဉ် ရှိကြောင်းနှင့် We Love Magway လက်တွဲ ကူညီ ပရဟိတအသင်းနှင့် မကွေးတိုင်းဒေသကြီးှ ဒေသခံပြည်သူများ စုပေါင်းပြီး အကူအညီ လိုအပ်လျှက်ရှိသော ဆေးဝါးမကု သနိုင်သည့် လူနာများ၊ဘိုးဘွားရိပ်သာ၊မိဘမဲ့ကလေးများ၊ ရေဘေးသင့်၊ မီးဘေးသင့် ပြည်သူများကို ထပ်မံလှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)