Skip to main content

ထားဝယ်မြို့၌ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့)ကျင်းပ

ထားဝယ်  ဇန်နဝါရီ ၂၁

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကို ယမန်နေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးစိုးမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၈)ဦး ၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်(၆) ဦးတို့နှင့် သတင်းမီဒီယာ(၅) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် (၂၇)ဦးရှိသည့်အနက် (၂၆)ဦး တက်ရောက်ခဲ့သဖြင့် စုစုပေါင်း (၉၆.၂၉%) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦး ရေထက်ဝက်ကျော်လွန်တဲ့အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ပထမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့ပါသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ပထမနေ့) အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ က ခွင့်ပြုထားသောကြယ်ပွင့်ပြမေးခွန်း (၁)ခုအားတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ကမေးမြန်းရာသက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး  က ပြန်လည်ဖြေကြားသည်

ဆက်လက်၍ တိုင်းဒေသကြီး ဥပ‌ဒေချုပ်က တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ဥပဒေရေးရာ၊ အမှုလိုက်နှင့် ဥပဒေအသိ ပညာပေးဆိုင်ရာဆောင်ရွက်ချက်များအစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်‌တော်သို့ ဖတ်ကြားရှင်းလင်း တင်သွင်းခြင်း ၊ တိုင်းဒေသကြီး လွှတ်တော်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေး ဆိုင်ရာကော်မတီ က ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် သက်တမ်း(၅) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်အစီရင်ခံစာအား တင်သွင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုနောက် တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် သက်တမ်း(၅)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုတင်ပြချက် အစီရင်ခံစာအားတင်သွင်းခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော် က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို နံနက် (၁၁နာရီ၂၄) မိနစ်အချိန်ခန့်တွင်ရပ်နားခဲ့ကြောင်း၊ (ဒုတိယနေ့) ကို ဇန်နဝါရီ ၂၁ ရက်နေ့နံနက် ၁၀ နာရီ တွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)