Skip to main content

၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို Website တွင် အခမဲ့ကြည့်ရှုနိုင်မည့် အစီအစဉ်အသိပေး ကြေညာခြင်း

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၆:၀၀) နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအား အသိပေး ကြေညာအပ်ပါသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ခုံအမှတ်နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍  မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်းထုတ်ပေးမည် မဟုတ်ပါကြောင်း၊ Covid-19 ကာကွယ်ထိန်းချုပ်တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမည့် အစီအစဉ်အား ကြိုတင်အသိပေးမည် ဖြစ်ပါသည်။

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန်ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website နှင့် Facebook Page ဖြစ်သော https://mmexamscore.org နှင့် https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၄)ရက် နေ့မှစ၍ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန