Skip to main content

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် ဇန်နဝါရီ ၆

နိုင်ငံတကာ ခရီးသည်တင်လေယာဉ် များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် မလေးရှားနိုင်ငံတွင် ပြစ်ဒဏ် ကျခံပြီးဖြစ်သည့် ထိန်းသိမ်းခံ မြန်မာ နိုင်ငံသား ၆၁ ဦး အပါအဝင် အခက် အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သား စုစုပေါင်း ၁၇၄ ဦးအား ကွာလာ လမ်ပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ် သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့ စွာ ပြန်လည်ရောက်ရှိကြသည်။

ထို့ပြင် စင်ကာပူနိုင်ငံတွင် စာချုပ် သက်တမ်းကျော်လွန်၍ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘော သား ၇၄ ဦးအား စင်ကာပူမြို့ မြန်မာ သံရုံးနှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MSESF) တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ခဲ့ရာ ယနေ့ ည ၇ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် သင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာ သံရုံးများ၊ သင်္ဘောကုမ္ပဏီများ၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

သတင်းစဉ်