နေပြည်တော် ဇန်နဝါရီ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၆)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့မကျောင်းကြီး ကျောင်းတိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသိရိန္ဒ (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ)၊ မဟာထေရ်မြတ်ကြီးသည် သက်တော် (၈၄)နှစ်၊ သိက္ခာတော် (၆၃)ဝါအရ ၁၃၈၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁)ရက် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် သောကြာနေ့၊ ည ၈ နာရီ မိနစ် ၂၀ တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းနှင့် အန္တိမအဂ္ဂိစျာပန သာဓုကီဠန အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်တွင် ဦးရင်အေးလယ်ကွင်း၊ အမှတ် (၁)ရပ်ကွက်၊ ချောင်းတောင်ရပ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်