နေပြည်တော် ဇန်နဝါရီ ၁
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ စိစစ်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၇ ဒသမ ၆၈၁) သန်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၈၂ ဒသမ ၀၇၅) သန်း ခွင့်ပြုဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
“ရင်းနှီးမြှုပ်နှံမှုပမာဏများ၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ထားသည့် ပမာဏများထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးကျပ် (၆၂၉၆၂ ဒသမ ၃၁၉) သန်းနှင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးကျပ် (၆၈၉၇ ဒသမ ၇၀၀) သန်း ခွင့်ပြုဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ခွင့်ပြုခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များမှာ အောက်ပါအတိုင်းဖြစ်သည်-
“ရင်းနှီးမြှုပ်နှံမှုပမာဏများ၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ထားသည့် ပမာဏများ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ကဏ္ဍအလိုက် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့ဖန်တီးနိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်-
“လုပ်သားအင်အား တိုးမြှင့်ခန့်ထားခြင်း အပါအဝင်ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ကဏ္ဍအလိုက် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့ဖန်တီးနိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်-