နေပြည်တော် ဒီဇင်ဘာ ၃၀
သတ္တမ အကြိမ်မြောက် အခြေခံပညာသင်ရိုးညွှန်းတမ်းဆိုင်ရာ ညှိနှိုင်းအစည်းအ ဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဉက္ကဋ္ဌ နှင့်အဖွဲ့ ဝင်များ၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်သင်ရိုး ညွှန်းတမ်းကော်မတီဥက္ကဋ္ဌများ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ဝင်များနှင့်သက် ဆိုင်ရာ တာဝန်ရှိသူများ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက သင်ရိုးညွှန်းတမ်းညှိ နှိုင်း အစည်းအဝေး ကို တက်ရောက်လာသည့် အမျိုးသားပညာ ရေးမူဝါဒကော်မရှင်ဉက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌများနှင့် သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ဝင်များ၊ JICA, ADB, EU စသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ သင်ရိုးညွှန်တမ်းပြုပြင် ပြောင်းလဲရေးအတွက် ကျောင်း သုံးဖတ်စာအုပ်အသစ်ပြုစုခြင်း၊ သင်ကြားသင်ယူမှုနည်းလမ်း ၊ သင်ထောက်ကူပစ္စည်းစသည်ဖြင့် သင်ရိုးညွှန်းနှင့်သက်ဆိုင်သော လုပ်ငန်းများ အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသူများတစ် ဦးမကျန် အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ တန်ဖိုးထား လေးစား၍ မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း။
Grade- 5, Grade- 8, Grade-11 သင်ရိုးညွှန်းတမ်းပြီးစီးမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ စာအုပ်များပြုစုပြီး Face to Face Training နှင့် အွန်လိုင်း Training များကို ယနေ့ ကိုဗစ်ကာလအခြေအနေအရ ပေါင်းစပ်ဆောင် ရွက်သွားရမည်ဖြစ် ပါကြောင်း၊ ကိုဗစ်ကူးစက်ပြန့်ပွားမှု ထိန်းချုပ်တားဆီး ကာကွယ်နေရချိန်တွင် သတိထား ဆောင်ရွက်ရန်လိုပါကြောင်း။
တစ်ကမ္ဘာလုံး ယခုကူးစက်ပြန့်ပွားနှုန်းက မျိုးပြောင်းဗီဇဖြစ်ပြီး အင်မတန်ကူး စက်မြန်သည့်အတွက် လုံးဝပေါ့၍ မရပါကြောင်း၊ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရမည် ဖြစ်သည့်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း နှင့် မျက်နှာအကာတပ်ဆင်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ စနစ်တကျ စက္ကန့် ၂၀ ကြာလက်ဆေးရန် ဖြည့်ဆည်းအသုံးပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာခြား၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ ဗဟိုအဆင့် ကျောင်းအဆင့် သင်ကြားသင်ယူမှုနည်း လမ်းများ ဆင့်ပွား သင်တန်းအတွက် စီစဉ်ဆောင်ရွက်မှုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်နှင့် ကိုဗစ်ဗဟိုကော်မတီ၏ ညွန်ကြားချက်တွေကို အတိအကျလိုက်နာပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အွန်လိုင်းသင်တန်းဆောင်ရွက်ပါက လူတစ်ဉီးချင်းစီ သည် ဒစ်ဂျစ်တယ်ပစ္စည်း တစ်ခုစီနှင့် တစ်ဉီးချင်းစီ အိမ်၊ ရုံး စသည့်နေရာသီးသန့်ဖြင့် ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြေပြင်တွင် ပြုလုပ်ပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ခွင့်ပြုချက်ရယူပြီး လူသုံးဆယ် ထက်မပိုဘဲ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြ၍ စီစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့် အတွက် သေသေချာချာ စနစ်တကျစီမံကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နွေရာသီ သင်တန်းတက်မည့် ဆရာဆရာမ ကျောင်းသား ကျောင်းသူများအတွက် ပူပြင်းသောရာသီဥတုတွင် လိုအပ်သော သောက်ရေ သုံးရေ စသည့် လိုအပ်ချက်များ ဖြည်းဆည်းပေးနိုင်ရေး ထည့်သွင်းစဉ်းစားရန် လိုပါကြောင်း၊ Grade- 5, Grade- 8, Grade-11 သင်ရိုးညွှန်းတမ်း စာအုပ်သစ်များ ဆောင်ရွက်ပေးမှုကို အင်မတန်အားရပါကြောင်း၊ ပြုစုဆောင်ရွက်ပေးကြသူများ၊ ပူးပေါင်းဆောင်ရွက်ပေး ကြ သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ အရည်အ သွေးရှိသော ကျောင်းသုံး ဖတ်စာအုပ်များဖြစ်အောင်၊ အရည်အသွေးရှိသော သင်ကြား သင်ယူမှုများဖြစ်အောင်၊ အရည်အသွေးရှိသော သင်ကြားသင်ယူမှု သင်ထောက်ကူ ပစ္စည်းများ အသုံးပြုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြသော အမျိုးသားသင်ရိုးညွန်းတမ်း ကော်မတီဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များကိုလည်း ကျေးဇူးတင်ပါကြောင်း၊ JICA, ADB, EU စသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့များအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ် ကာလနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်ရသည့်အတွက် အားလုံးတွင်လိုအပ်ချက် အခက်အခဲများရှိ နိုင်ပါကြောင်း၊ အခက်အခဲစသည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး အတူတကွဆက်လက်၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံပါကြောင်း ပြောကြားသည်။
ထို့နောက် သင်ရိုးသစ် Grade- 5, Grade- 8 နှင့် Grade-11 ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်များပြုစုခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး အစည်းအဝေးအစီအစဉ်အ တိုင်း ဆက်လက်ကျင်းပသည်။
သတင်းစဉ်