Skip to main content

လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ (၂/၂၀၂၀) အစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၀

လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ (၂/၂၀၂၀) အစည်းအဝေး ကို ဒီဇင်ဘာ ( ၂၉ ) ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ ရုံးအမှတ် (၁၂) ၌ Online စနစ် ဖြင့်ကျင်းပသည်။

အစည်းအဝေးတွင်  လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ယခုကာလ၌ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ကျဆင်းလာသည့်အခြေအနေတွင် အရေးကြီးလာသည့် လူမွဲခံယူခြင်းဆိုင်ရာ ကိစ္စ ရပ်များ နှင့်စပ်လျဉ်း၍ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေး၌ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ ၁/၂၀၂၀ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ များအသင်း Insolvency Practitioner Association ကို အသိအမှတ်ပြုကြောင်း ကြေညာရန် ကိစ္စ၊ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်ပုံစံ နှင့် အခကြေးငွေများ သတ်မှတ်သည့် အမိန့်ကြော်ငြာစာအပေါ် ကောင်စီဝင်များ၏ သဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ စိစစ်ချက်၊ မှတ်ပုံတင်အရာရှိအဖြစ်လွှဲအပ်ခြင်းခံရသူအမည်စာရင်းကိစ္စ၊ ကော်မတီ များဖွဲ့စည်းရန်ကိစ္စ၊ MyCO Online System တွင် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင် သူများ မှတ်ပုံတင်ခြင်းကို အတည်ပြုရန်အတွက် ကောင်စီကိုယ်စား Document Examiner အဖြစ်တာဝန်ယူ ဆောင်ရွက်နိုင်မည့်သူများ အမည်စာရင်း တောင်းခံလာခြင်းကိစ္စ စသည်တို့ ကို အစီအစဉ်အတိုင်း ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကောင်စီဝင်များက အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကြီးကြပ်ရေးကောင်စီဝင်များဖြစ်သည့် တရားလွှတ်တော် ရှေ့နေ များကောင်စီဥက္ကဋ္ဌကိုယ်စား တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ် ရေးကော်မရှင် ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့ စာရင်းကိုင်များ အသင်းမှနာယက၊ ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်များ၊ မှတ်ပုံတင်အရာရှိကိုယ်စား ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

(သတင်းစဉ်)