သဲကုန်း ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံစာစောင်ပြပွဲကို ယမန်နေ့က အ.မ.က (ရေတာရှည်) နှင့် အ.မ.က (ရွာထောင်ကုန်း) တို့၌ ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ ကလေးအလုပ်သမားပပျောက်းရေး သိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ် တာဆီးကာကွယ်ရေးသိကောင်းစရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး သိကောင်းစရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံကို စီစဉ်ထားရှိကြောင်း ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတစုံလင်စွာ ရရှိနိုင်စေမည်ဖြစ်ကြောင်း၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်ဌေးဌေးမြင့်နှင့် အငယ်တန်းစာရေး ဒေါ်ခိုင်ပြည့်စုံဝင်းတို့က နယ်လှည်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော ပုံပြင်ပြောခြင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းများအား ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)