နယ်ရုံးများ၏သတင်းများ

Jan 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးအကြို ဟောပြောပွဲနှင့် ဂိမ်းကစားပြိုင်ပွဲအား ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်း (၁:၀၀)နာရီအချိန်က အ.မ.က(ခလရ-၆၆)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
Jan 02,2024
ကျောင်းသား/ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့အကြောင်း လေ့လာသိရှိနိုင်စေရန်နှင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ကို တန်ဖိုးထားတက်စေရန် ရည်ရွယ်၍ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်စာပြပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)တွင် ယမန့်နေ့ နေ့လယ်(၁)နာရီခွဲက ကျင်းပခဲ့သည်။
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က စာရေးဆရာ မောင်မင်းစိုးရေးသားသည့် အထက်တန်းစားစိတ်ဓာတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Jan 02,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းကစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပိုက်ကျော်ခြင်း အားကစားစပ်ကော်မတီတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းတွင် ကျင်းပလျက်ရှိသည်။
Jan 02,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် (၁၀:၀၀)နာရီက အခြေခံပညာအထက်တန်း‌ကျောင်းသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။