နယ်ရုံးများ၏သတင်းများ

Oct 21,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာ ၂၁ ရက်နံနက်က ရသစာပေ၏သဘောသဘာဝ အဖွင့်နိဒါန်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “ချွေးနဲ့ သွေးနဲ့ ရေးခဲ့” စာအုပ်မှ “ဘဝအောင်မြင်ရေး အခြေခံအကြောင်းများ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
Oct 21,2023
ရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ယမန်နေ့  နေ့လယ်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့တို့ ပူးပေါင်းပြီး  စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသော ‟ အောင်ပွဲခံသူဖြစ်ပါစေ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ကြသည်။
Oct 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် ရွှေပညာမြေ ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအား အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် က အမှတ်(၁)ရပ်ကွက်ရှိ ရွှေပညာမြေကိုယ်ပိုင်ကျောင်း၌ ကျင်းပပြု လုပ်ခဲ့သည်။
Oct 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ဖွင့်လှစ်သင်ကြားပေးသည့် အလှဖယောင်းတိုင်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Oct 21,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club နှင့် Youth Club အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမ ခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။